ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ဆေးဖက်ဆိုင်ရာကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုမှာ ပါဝင်ခဲ့တဲ့ ထွန်းကိုကို

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မော်ဒယ် မင်းသားချော ထွန်းကိုကိုကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၂)ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)ကြီးကနေ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနသို့ ဆေးဖက်ဆိုင်ရာကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ကုသိုလ်ယူခဲ့ပါတယ်။

ထွန်းကိုကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ စေတနာ့လုပ်အားပေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။အခုတစ်ခေါက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ” အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် MASK (1000) ၊ PPE ဝတ်စုံ (50) ၊ FACE SHIELD (20)ခု၊ Surgical Grown အထည်(၅၀)၊ လက်သန့်ဆေးရည်ဗူး (၁၀၀) တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်အဖွဲ့များ၊စေတနာ့လုပ်အားပေးအသင်းသားများက သွားရောက်လှူဒါန်းမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ထွန်းကိုကိုကတော့ နိုင်ငံကျော်သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်ပေမဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေ ချီးကျူးနေခဲ့ရတဲ့ မင်းသားတစ်ယောက်ဖြစ်သလို သူ့ရဲ့ ပရဟိတစိတ်ဓာတ်လေးကလည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

Chilli – CeleGabar
Source – Yanpaing Tunko