ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းလှူဒါန်းခြင်း

ပရိသတ်အချစ်တော်စမိုင်းလ်ကတော့ အလှူအတန်းတွေကိုတစ်ခုပြီးတစ်ခုလုပ်ရင်း ပျော်ရွှင်စွာနဲ့ဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းနေပုံပါပဲ။ မကြာသေးခင်က ပြီးခဲ့တဲ့မွေးနေ့မှာလည်း သိန်းပေါင်း(၃၆)သိန်းကို ပရိသတ်တွေအတွက် မဲဖောက်ပေးတဲ့အပြင် သိန်းပေါင်း (၁၅၀၀)စီကို အာင်ဇမ္ဗူဆရာတော်ဘုရားနဲ့ သစ်တံခါးဆရာတော်ဘုရားတို့ရဲ့ကျောင်းဆောင်အတွက် လှူဒါန်းခဲ့ပါသေးတယ်။


အခုလည်း ရန်ကင်းကလေးဆေးရုံကို သိန်း(၁၄၀)တန်အသက်ရှူစက်ကိုလှူဒါန်းတဲ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလည်း (၃၆)သိန်းလှူဒါန်းလိုက်ပါသေးတယ်။ အဲ့ဒီအကြောင်းကိုလည်း ပရိသတ်တွေသိအောင်မျှဝေပေးခဲ့ပါသေးတယ်။ စမိုင်းလ်ကတော့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးအဖြစ်အနုပညာအလုပ်တွေလုပ်ခဲ့သလို အခုထက်ထိလည်း ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။


စမိုင်းလ်ကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားသလို ပရိသတ်တွေကိုလည်း အလေးထားတတ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားကျခြင်းကိုခံရသူပါ။ မကြာခဏလည်းအလှူအတန်းတွေလုပ်နေတာကြောင့် တကယ့်ကို လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါပဲနော်…
Source : စမိုင်းလ် Smile