ရိုက်ကူးရေးလုပ်ရင်း အလှူပါ တစ်ခါတည်းလုပ်လိုက်တယ်ဆိုတဲ့ ယုန်လေး

ဝါသနာရှင်တွေကို လက်တွဲခေါ်ယူလေ့ရှိသူယုန်လေးကတော့ ဒီတစ်ခေါက်မှာ သူလက်တွဲခေါ်ယူခဲ့တဲ့ ညီလေးတွေနဲ့ စုပေါင်းဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို လာမယ့် ဇွန်လ(၂၆) ရက်နေ့မှာ ချပြတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးမျှဝေခဲ့ပါတယ်။ သူကတော့ လတ်တလောမှာ သူပထမဆုံးလက်တွဲခေါ်ယူခဲ့တဲ့ ကယားမြေက MC ကယားလေးနဲ့ Rap ကျားကြီး၊ မိသားစုဝမ်းရေးအတွက် ရုန်းကန်ရင်း ဂီတနဲ့အသက်ဆက်နေသူ မန္တလေးက MinZ၊ ရန်ကုန် ရွှေတိဂုံဘုရားမှာ Free Style Rap တွေရွတ်ရင်း ဝါသနာပါရာဂီတလမ်းကို လျှောက်လှမ်းနေသူ A4 ကျော်စွာတို့နဲ့ အတူ “စိတ်ကူး” ဆိုတဲ့သီချင်းလေးကို ပေါင်းစပ်ဖန်တီးလျက်ရှိပါတယ်။

ယုန်လေးကတော့ ဒီသီချင်းဗွီဒီယိုလေးကို Storyရယ် ပြောချင်တဲ့ အရာလေး ပေါ်အောင်ရိုက်ရတဲ့အတွက် ဇာတ်ကားရိုက်သလို သေချာရိုက်ချင်လို့ (၃)ရက် အချိန်ပေးရိုက်ကူးခဲ့ပြီး ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ ဒါ့အပြင် သီချင်းထဲမှာ အလှူလုပ်တာလေးတွေပါ ပါတဲ့အတွက် သီချင်းလည်း ရိုက်ရင်း ဆန်အိတ်တွေလည်း တကယ်လှူပေးခဲ့ပါတယ်တဲ့။ ဒါ့အပြင် သူ Brand Ambassador အဖြစ်လုပ်ကိုင်နေတဲ့ Ve Ve အချိုရည်နဲ့ Rocker တို့ကိုလည်း လှူပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ညီအစ်ကိုတွေ တစ်စုတစ်စည်းတည်းပေါင်းစပ်ဖန်တီးထားတဲ့ “စိတ်ကူး” သီချင်းလေးကတော့ လာမယ့်ဇွန်လ(၂၆) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး V7 , OG , Special 9 , သတိအန္တရာယ်ရှိသည် , Seven Sense ,Media 7 Page တို့ကနေ တင်ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ.. ဒီသီချင်းလေးထွက်ရှိလာရင် အားပေးကြမယ်မလား ။


Source – Yone Lay
Rainbow- Cele Gabar