ဖေဖေ၊မေမေတို့နဲ့ အတူ ချစ်စဖွယ်ရိုက်ကူးထားတဲ့ မေမြင့်မိုရ်ရဲ့ တနေ့တာ Vlog လေး

ဇာတ်လမ်းတွဲမင်းသမီးလေးချောလေး မေမြင့်မိုရ်ကိုတော့ ချစ်စရာအပြုံးပိုင်ရှင်လေးတစ်ယောက်အဖြစ် ပရိသတ်တွေ သိကြမှာပါ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အနုပညာအရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့်လည်း ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရရုံသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာရသူပါ။

ပရိသတ်တွေကို အလေးအနက်ထားဆက်ဆံလေ့ရှိသူဖြစ်ပြီး မကြာခဏဆိုသလို ပရိသတ်တွေနဲ့ Facebook Live လွှင့်ပြီးစကားပြောလေ့ရှိတဲ့အပြင် တနေ့တာအကြောင်းအရာမျိုးစုံကို ဗွီဒီယိုလေးရိုက်ပြီး မျှဝေလေ့ရှိသူပါ။ ဒီနေ့မှာတော့ သူ့ရဲ့ဗွီဒီယိုလေးတွေကို မျှော်နေကြမယ့့်ပရိသတ်ကြီးအတွက် သူ့ရဲ့တနေ့တာကို ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။

သူ့ရဲ့ဒီဗွီဒီယိုလေးထဲမှာတော့ ဘယ်ကိုပဲသွားသွား ကိုယ်တိုင်ကားမောင်းပြီး ပို့ပေးလေ့ရှိတဲ့ဖေဖေနဲ့မေမေကို မိတ်ဆက်ပေးခဲ့တဲ့အပြင် မိုးလင်းကနေ မိုးချုပ်တဲ့အထိ ရှူတင်မှာ အချိန်ကုန်နေရတဲ့ မေမြင့်မိုရ်ရဲ့တနေ့တာဖြတ်သန်းပုံကို တွေ့မြင်ရမှာပါ။ ချစ်ဖို့ကောင်းတဲ့စကားပြောဟန်တွေနဲ့ မေလေးရဲ့ တနေ့တာဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – May Myint Mo
Rainbow- Cele Gabar