ထရက်ရှာလေးကို ထမင်းကျွေးတဲ့ဗွီဒီယို ကြည့်ရှုသူ သိန်း(၅၀) ဖြစ်သွားတာကြောင့် အံ့သြနေတဲ့ မေမေစန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ မြန်မာနိုင်ငံမှာ ရှားပါးတဲ့ မိန်းကလေး Rap အဆိုတော်တွေထဲက တစ်ယောက်ပါ။ အစ်မတွေလိုပဲ အနုပညာအရည်အချင်းအပြည့်ပါလာသူတစ်ယောက်မို့ အဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိထားသူပါ။

သူကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အရင်လောက်အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ သမီးဦးလေး ထရက်ရှာကို အချိန်ပေးပြီး ပြုစုပျိုးထောင်လျက်ရှိပါတယ်။ ဝဝတုတ်တုတ်နဲ့ ချစ်ဖို့ကောင်းတဲ့ထရက်ရှာလေးကိုတော့ မေမေ့လို့ပဲ ပရိသတ်တွေချစ်ခင်ကြတာကို တွေ့မြင်ရမှာပါ။ နေ့စဉ်နီးပါး သမီးလေးနဲ့ပျော်စရာအချိန်တွေကို ဗွီဒီယိုလေးရိုက်ကူးကာ ပရိသတ်ကို မျှဝေလေ့ရှိပြီး လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ထမင်းကျွေးရခက်လွန်းတဲ့ သမီးလေးကို ဗွီဒီယိုလေးရိုက်ကာ မျှဝေခဲ့ပါတယ်။

အဲ့ဒီဗွီဒီယိုလေးကတော့ လေးရက်အတွင်းမှာ ကြည့်ရှူသူသိန်းငါးဆယ် ဖြစ်လာတဲ့အထိ ပရိသတ်တွေ အားပေးကြမ်းခဲ့တာမို့ မေမေစန္ဒီမြင့်လွင်ကတော့ အံ့သြနေခဲ့တာပါ။ ထရက်ရှာလေးတို့ အရွယ်က ထမင်းကျွေးရခက်တဲ့အရွယ်တွေဆိုတာ ကလေးအမေတွေ အသိဆုံးမို့ ကလေးအမေတွေအများကြီး ကြည့်ရှုအားပေးခဲ့ပုံပါပဲနော်။ ချစ်ဖို့ကောင်းလွန်းတဲ့ စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ဗွီဒီယိုလေးကို မကြည့်ရသေးတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Sandi Myint Lwin
Rainbow- Cele Gabar