သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲသစ်လေးကို အားပေးကြဖို့ ပရိသတ်ကိုတောင်းဆိုလိုက်တဲ့ ဟိန်းမင်းသူ

မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာဆိုပြီး မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ ဟိန်းမင်းသူပါ။ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ ချောမောပြေပြစ်တဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့ဟိန်းမင်းသူကိုတော့ ခေတ်သမီးပျိုတော်တော်များများ နှစ်သက်ကြမှာပါ။

ဟိန်းမင်းသူကိုတော့ ကြော်ငြာတွေနဲ့ သီချင်းဗွီဒီယိုတော်တော်များများမှာ တွေ့မြင်ရမှာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ “တို့ မမနဲ့ တို့” ဆိုတဲ့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေကို အပီအပြင် ရှုစားကြရတော့မှာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဟိန်းမင်းသူကို စတိုင်ကျပြီး ရုပ်ရည်ချောမောကာ မိန်းကလေးတိုင်း စိတ်ဝင်စားရသူ၊ စိတ်ကောင်းရှိပြီး သူတစ်ပါးကို ကူညီဖို့ ဝန်မလေးတတ်သူ၊ မိဘတွေရဲ့ဆန္ဒနဲ့ ကိုယ့်ရဲ့ဝါသနာကြား မြေစာပင်ဖြစ်နေရသူ သန်ဓန ဇာတ်ကောင်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး မနက်ဖြန် သောကြာနေ့ည (၇)နာရီ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

သူနဲ့ အတူ မြတ်သူသူ၊ မိုးသူရ၊ စိုပြေမြင့်၊ ရှင်မင်းဆက်တို့ ပါဝင်သရုပ်ဆောင်ထားပြီး “ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာ ပရိတ်သတ်ကြီးများစောင့်ကြည့်အားပေးဖို့မျှော်လင့်ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ဟိန်းမင်းသူရဲ့သရုပ်ဆောင်ချက်တွေကို အားပါးတရခံစားချင်တဲ့ပရိသတ်ကြီးအတွက် မနက်ဖြန်ည(၇) နာရီမှာ ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Hein Min Thu – ဟိန်းမင်းသူ
Rainbow- Cele Gabar