အေးမြဖြူကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ Myamar Idol Season (4)မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုလို့တောင်ရရှိခဲ့ပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ စတင်ရပ်တည်နေပြီလည်းဖြစ်ပါတယ်။
အနုပညာအလုပ်တွေမှာ ပါရမီပါလွန်းတဲ့ အေးမြဖြူလေးကတော့ အဆိုပိုင်းမှာသာမက တူရိယာတွေကို တီးခတ်ရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။ ဒီနေ့မှာလည်း အေးမြဖြူက နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “You are My Sunshine” သီချင်းကို လတ်တလော ခေတ်စားနေတဲ့ Kalimba လေးနဲ့ ကိုယ်တိုင်တီးခတ်ပြီး သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။
အေးမြဖြူကတော့ အရင်ကလည်း ကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းတွေကို သီဆိုတဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေနားဆင်လို့ရအောင် မျှဝေဖော်ပြလေ့ရှိပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးသိုလေးရဲ့ အခုတစ်ခေါက် Kalimbaလေးတီခတ်ပြီး သီချင်းသီဆိုထားတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Chilli – CeleGabar
Source – AYE MYA PHYU