ကျုံပျော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ဘုန်းလျှံကတော့ လွန်ခဲ့တဲံ နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချော တစ်ယောက်ပါ။ ပရိသတ်အချစ်တော် ဘုန်းလျှံကတော့ လတ်တလောမှာအလှူအတန်းတွေကို ဇာတ်တိုက်ဆိုသလို ပြုလပ်နေခဲ့တာလည်း ပရိသတ်တွေ သိရှိပြီး သားဖြစ်ကြမယ်ထင်ပါတယ်။

ဘုန်းလျှံက အလှူအတန်းတွေကို နေရာဒေသမရွေး လိုအပ်တဲ့ နေရာဒေသမှန်သမျှကို တတ်နိုင်သလောက် လိုက်လံလှူဒါန်းနေတာပါ။ ဘုန်းလျှံက မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ကျုံပျော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ကျုံပျော်ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် အလှူငွေတွေနဲ့ ဆေးရုံအတွက် လိုအပ်တဲ့ Mask နဲ့ ဆေးရုံသုံးပစ္စည်းတွေကို လှူဒါန်းပေးခဲ့တာပါ။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဘုန်းလျှံရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – Bhone Hlan