ပရိသတ်တွေစောင့်မျှော်နေကြတဲ့ နန်းဆုရဲ့ “အလွမ်းရာသီ ” သီချင်း Offical Teaser လေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ လတ်တလောမှာ သီချင်းလေးတစ်ပုဒ်ကို ဖန်တီးနေတာပရိသတ်ကြီးတွေ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ မနေ့က တော့ နန်းဆုက လတ်တလော ဖန်တီးနေတဲ့ သီချင်းလေးရဲ့ Offical Teaser လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။

သီချင်းလေးရဲ့ နာမည်ကတော့ “အလွမ်းရာသီ” လို့ အမည်ပေးထားပြီး သီချင်းလေးကိုတော့ပရိသတ်တွေရဲ့ အချစ်တော် မင်းသွေးခန့်နဲ့ အတူတူ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ သီချင်းလေးရဲ့ ဗီဒီယိုအမည့်အစုံကိုတော့ လာမယ့် သြဂုတ်လ (၁)ရက်နေ့မှာ နန်းဆုရတီစိုးရဲ့ Offical Page လေးကနေ ည (၈)နာရီမှာ အတိမှာ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

အခုနောက်ပိုင်း နန်းဆုရဲ့ ထွက်ရှိလာသမျှသီချင်းလေးတွေအကုန်လုံးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးတွေဖြစ်တာကြောင့် အခုတစ်ခေါက်ထွက်ရှိလာမယ့်သီချင်းလေးကိုတော့ မျှော်လင့်နေခဲ့ကြတာပဲဖြစ်ပါတယ်။ CeleGabar့ရိသတ်ကြီးတွေရော နန်းဆုရဲ့ အသစ်ထွက်လာမယ့် သီချင်းလေးကို မျှော်လင့်နေကြပြီလား။

Chilli – CeleGabar
Source – Nansu Yati Soe