သစ်တံခါးဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်ကပ်လှူခဲ့တဲ့ ခင်ဇာခြည်ကျော်တို့ မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခင်ဇာခြည်ကျော်တို့ မိသားစုကတော့ ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ သစ်တံခါးဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါတယ်။ ခင်ဇာခြည်ကျော်ကတော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။

လက်ရှိမှာတော့ သားဖြစ်သူ ဘုန်းမင်းနေလနဲ့ သမီးဖြစ်သူ ထင်သစ္စာတို့နှစ်ယောက်စလုံးကပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် မိသားစုပဲဖြစ်ပါတယ်။ ဒီနေ့မှာပြုလုပ်တဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှကုသိုလ်ရအောင် သာဓုခေါ်ဆိုနိုင်ဖို့ ခင်ဇာခြည်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးတွေလည်း ခင်ဇာခြည်ကျော်တို့ ဒီနေ့မှာပြုလုပ်တဲ့ ခင်ဇာခြည်ကျော်တို့ မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနိုင်စေဖို့ CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – Khin ZarChi Kyaw