ပရိသတ်တွေကို Mister Potato ရဲ့အစပ်စားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ တိုင်ရွန်

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားချောတစ်လက်ဖြစ်တဲ့ တိုင်ရွန်ကတော့ ဒီနေ့မှာ အစပ်ကြိုက်တဲ့ပရိသတ်ကြီး အာဆီယံနိုင်ငံတွေနဲ့ယှဉ်ပြီး ဘယ်လောက်စားနိုင်သလဲ အစွမ်းပြလို့ ရမယ့် အစီအစဉ်လေးတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

လူတစ်ရာမှာ ခုနှစ်ဆယ်လောက်အကြိုက်လို့ ပြောလို့ရတဲ့ အစပ်အရသာကိုတော့ ပုံမှန်စားနေကျ အစပ်အရသာထက် ထူးကဲပြီးစပ်အောင်၊စပ်ပေမယ့်အရသာလည်းရှိအောင် ဖန်တီးထုတ်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်၊ တော့ပိုကီ စတဲ့အစားအစားတွေကို အခုနောက်ပိုင်းမှာ တွေ့မြင်လာရမှာပါ။ စပ်ပေမယ့်လည်း လူတိုင်း နှစ်ခြိုက်စွာ စားသုံးကြတာကြောင့် ပြိုင်ပွဲအစီအစဉ်တွေနဲ့ပါ အစပ်စားပြိုင်ပွဲတွေလုပ်လာကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရိုးရိုးအစပ်အာလူးကြော်နဲ့မတူအောင် ဖန်တီးပြီး ထုတ်လုပ်ထားတဲ့ Mister Potato ရဲ့ Ghost pepper black crisps လေးကတော့ တစ်ချပ်စားရုံနဲ့တောင် စပ်တဲ့အရသာကို ခံစားရစေမှာပါ။ ဒီချဲလင့်လေးကို အာဆီယံ(၆) နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး တိုင်ရွန်ကိုတော့ စင်ကာပူနိုင်ငံက ဆယ်လီတစ်ယောက်က စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အစပ်အစားနိုင်ဆုံးနိုင်ငံက ပထမရမှာမို့ တိုင်ရွန်ကတော့ ပရိသတ်ကြီးပါ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အစပ်မစားနိုင်တဲ့ကြားထဲက ကြိုးစားယှဉ်ပြိုင်ထားတဲ့ တိုင်ရွန်ရဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Source – Tyron Bejay
Rainbow- Cele Gabar