အရမ်းချစ်ကြတဲ့ချစ်သူတွေ ကြည်နူးသွားရစေမယ့် ဖြူဖြူကျော်သိန်းနဲ့ Cobra ရဲ့ “လမ်း”

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားပြီး ပရိသတ်အားပေးချစ်ခင်မှုများစွာရရှိထားတဲ့ အမျိုးသမီးအဆိုရှင်တစ်ယောက်ပါ။ ဆယ်စုနှစ်တစ်ခုကျော်စာ အောင်မြင်မှုကို ထိန်းထားနိုင်သလို လက်ရှိအထိ ရှေ့ပြေးနေတဲ့အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ပရိသတ်တွေအတွက် သီချင်းကောင်းတွေဆက်တိုက်ဖန်တီးနေတဲ့ ဖြူဖြူကတော့ ဒီရက်ပိုင်းထဲမှာ သီချင်းအသစ်တွေ ခပ်စိပ်စိပ်ချပြနေသူပါ။ မကြာသေးခင်ကမှ သိန်းလင်းစိုးနဲ့အတူ “Private Dating” ဆိုတဲ့ စုံတွဲသီချင်းလေး ထွက်ထားပြီး ဒီနေ့မှာတော့ နောက်ထပ်အချစ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “လမ်း” ဆိုတဲ့သီချင်းလေးကို မျှဝေခဲ့ပါတယ်။

ဒီသီချင်းလေးကိုတော့ Cobra ကိုယ်တိုင်ရေးစပ်ထားပြီး ဖြူဖြူကျော်သိန်းနဲ့ Cobra တို့နှစ်ယောက် အရမ်းချစ်တတ်ကြတဲ့ချစ်သူနှစ်ယောက်ရဲ့ အနာဂတ်ခရီးလမ်းကို သီချင်းလေးနဲ့ အပေးအယူမျှမျှ ပုံဖော်ထားပါတယ်။ အချစ်သီချင်းတွေကိုမှ ခံစားချင်ကြတဲ့ပရိသတ်ကြီးအတွက် ဖြူဖြူကျော်သိန်းရဲ့ သီချင်းအသစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Kyaw Thein
Rainbow- Cele Gabar