ပျော်ရွှင်စရာရိုက်ကွင်းလေးဆီကို အလည်တစ်ခေါက်ခေါ်လိုက်တဲ့ ဖြူဖြူထွေး

အသားဖြူဖြူ အညာသူလေး ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝ ရရှိထားသူတစ်ယောက်ပါ။ ဖြူစင်ပွင့်လင်းတဲ့စကားပြောဟန်နဲ့ စိတ်ကောင်းစေတနာရှိသူလေးမို့ ပရိသတ်တွေ တစ်စထက်တစ်စ တိုးလို့အချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။

နေ့စဉ်နေ့တိုင်း ကြော်ငြာဗွီဒီယိုလေးတွေကို ဇာတ်အိမ်လေးတွေနဲ့ ဟာသဖောက်ကာ မျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကွင်းနောက်ကွယ်က လက်တွေ့ဘဝကို စိတ်ဝင်စားနေမယ့် ပရိသတ်ကြီးအတွက် သူ့ရဲ့ရှူတင်လေးကို အလည်တစ်ခေါက်ခေါ်ခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ သီချင်းဗွီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လတ်တလောမှာ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့တနေ့တာလေးကို ဗွီဒီယိုလေးလုပ်ကာ ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်။

ဒီဗွီဒီယိုလေးထဲမှာတော့ သူ့ကို အားပေးနေကြတဲ့ချစ်ပရိသတ်ကြီးနဲ့လည်း ရင်းရင်းနှီးနှီး ဖက်လှဲတကင်း ဆက်ဆံလေ့ရှိတဲ့ ဖြူဖြူထွေးကို တွေ့မြင်ရမှာပါ။ အမြဲတမ်းပျော်စရာတွေကိုပဲ ဖန်တီးလေ့ရှိတဲ့ ဖြူဖြူထွေးတစ်ယောက် ဒီဗွီဒီယိုလေးထဲမှာရော ဘယ်လိုတွေတက်ကြွပျော်ရွှင်နေလဲသိနိုင်ဖို့ ဖြူဖြူထွေးရဲ့ ရိုက်ကွင်းဆီ အလည်တစ်ခေါက် သွားကြည့်လိုက်ကြရအောင်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar