သူ့ရဲ့ပထမဆုံး စာအုပ်လေးကို မှာယူဖို့ လိုအပ်တာတွေကို ပြောပြလာတဲ့ မေမီကိုကို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မေမီကိုကိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှု ခြေလှမ်းအသစ်အနေနဲ့ စာအုပ်လေးတစ်အုပ်ရေးသားထုတ်ဝေသွားဖို့ရှိနေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ပရိသတ်တွေရဲ့အချစ်တော် မေမီကိုကိုကတော့ အနုပညာအလုပ်တွေကို ဝါသနာပါလွန်းတဲ့ သူတစ်ယောက်ပါ။

မေမီကိုကိုရဲ့ စာအုပ်လေးကတော့ မကြာခင်အချိန်မှာထွက်ရှိလာတော့မှာ ဖြစ်ပြီး မေမီကိုကိုရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြိုတင်မှာယူထားလို့ရနေပါပြီ။ ကြိုတင်မှာယူတဲ့ ပရိသတ်တွေအတွက်ကိုတော့ အမှတ်တရအနေနဲ့ T-Shirt လေးတွေကံစမ်းမဲဖောက်ပေးမှာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ကြိုတင်မှာယူတဲ့ သူတိုင်းကို မေမီကိုကိုက စာအုပ်မှာ နာမည်နဲ့တကွအမှတ်တရ လက်မှတ်လေးတွေလည်း ထိုးပေးဦးမှာပါတဲ့။

မေမီကိုကိုရဲ့ပရိသတ်တွေအတွက်တော့ မေမီကိုကိုရဲ့စာအုပ်လေးကို ဦးဦးဖျားဖျား ပိုင်ဆိုင်ရရှိမှာဖြစ်တဲ့ အပြင် မေမီကိုကိုရဲ့ လက်မှတ်လေးကိုပါရရှိနိုင်မယ့် အခွင့်အရေးလေးမို့ လက်လွတ်မခံသင်တာတော့ အမှန်ပါပဲ။ CeleGabar ပရိသတ်ကြီးတွေထဲမှာ မေမီကိုကိုရဲ့ စာအုပ်လေးကို ဝယ်ယူအားပေးမယ့် ပရိသတ်တွေရှိလား။

Chilli – CeleGabar
Source – May Mi Ko Ko