ဒီနေ့မှာ ထွက်ရှိလာတဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” MVလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ အသွေ့အသက်များ သီချင်းလေးကိုတော့ ပရိသတ်တွေအားလုံး နားဆင်ပြီးကြမယ်ထင်ပါတယ်။ ဒီသီချင်းလေးကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး့ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်နေခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ “အငွေ့အသက်များ” သီချင်းလေးရဲ့ MV လေးကတော့ ထွက်ရှိလာခဲ့ပါတယ်။ သီချင်း MV လေးကတော့ ရိုက်ကူးနေစဉ်ကတည်းက ပရိသတ်တွေကထွက်ရှိလာမယ့်အချိန်ကို စောင့်စားနေခဲ့ကြရတဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ Offical Teaser လေးထွက်ရှိလာချိန်မှာလည်း နာရီပိုင်းအတွင်းမှာတွင် ကြည့်ရှု့သူ သိန်းချီရှိခဲ့တဲ့ အထိအောင်မြင်မှုတွေရခဲ့ပါသေးတယ်။

ဒီနေ့မှာ လောလော လတ်လတ်ထွက်ရှိလာတဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” သီချင်း MV လေးကို ကြည့်ရှုလို့ရအောင် CeleGabar ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်။ “အငွေ့အသက်များ” MV လေးကို ကြည့်ရှုနားဆင်ပြီး သဘောကျနှစ်သက်ကြရဲ့လား ဖြေပေးခဲ့ပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – ChanMyae MgCho