ပရိသတ်တွေသဘောကျနေခဲ့တဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်ရဲ့ ဆုမြတ်နိုးဦးကို Surprise လုပ်ပေးထားတဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဆုမြတ်နိုးဦးရဲ့ မွေးနေ့ရက်မြတ် ကျရောက်ခဲ့တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။မွေးနေ့ရက်လေးအတွက်ကိုတော့ သူငယ်ချင်းတွေဖြစ်တဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့က မွေးနေ့ Surprise လေးပြုလုပ်ပေခဲ့ပြီး ဒီမွေးနေ့ Surprise လေးကို ဗီဒီယိုလေးနဲ့ တင်ဆက်ပေးခဲ့ပါတယ်။

ဒီဗီယိုလေးထဲမှာတော့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့က ဆုမြတ်နိုးဦးအတွက် လက်စွပ်လေးမွေးနေ့လက်ဆောင်ပေးတာကို ငိုအောင် အရင်စနောက်ပြီးမှ ပေးခဲ့တာပဲဖြစ်ပါတယ်။ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတိုက (၃)ယောက်ကတော့ အမြဲတမ်းလိုလို ပြောမနာ ဆိုမနာ စနောက်တတ်ပြီး ဆေးထိုးတတ်ကြတာကို ပရိသတ်တွေကသဘောကျနှစ်သက်နေခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် မွေးနေ့ Surprise ဗီဒီယိုလေးကိုလည်း ပရိသတ်တွေက သဘောကျနေခဲ့ပြီး တင်ဆက်ခဲ့ပြီးနောက် (၂၄)နာရီအတွင်းမှာတင် ကြည့်ရှုသူ (၁၀)သိန်းပြည့်သွားခဲ့တဲ့အထိ ပရိသတ်တွေသဘောကျနှစ်သက်ခဲ့ကြတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော ဒီဗီဒီယိုလေးကို သဘောကျနှစ်သက်ကြရဲ့လား။

Chilli – CeleGabar
Source – N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ