ဒီနေ့မှာ အသက် (၁၁)နှစ်ပြည့်သွားတဲ့ ကလေး သရုပ်ဆောင် ပြည့်ပြည့်

ပရိသတ်ကြီးရေ ဒီနေ့ သြဂုတ်လ (၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် ကလေးသရုပ်ဆောင် ပြည့်ပြည့်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ ပြည့်ပြည့်က အသက် (၁၁)ပြည့်မြောက်သွားတဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

ပြည့်ပြည့်ကတော့ လိပ်ပြာစံအိမ်၊ ကမ္ဘာနှစ်ထပ် စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင် သရုပ်ဆောင် ပီပြင်ပြီး တော်လွန်းလှတာကြောင့် ပရိသတ်တွေအချစ်ပိုအားပေးနေရတဲ့ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ပါ။ မကြာသေးခင်ကလည်း ASIAN Academy Creative Award ဆုပေးပွဲမှာ အာဆီယံနိုင်ငံက အနုပညာရှင်တွေကို ကျော်ပြီး “Best Actress in Supporting Role” ဆုကြီးကို ရရှိခဲ့ပါသေးတယ်။

ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ကနေစပြီး ပရိသတ်အချစ်တော် ပြည့်ပြည့်လေးက အသက်ရှည်ကျန်းမာစွာနဲ့ ဒီထက်မကအောင်မြင်တဲ့ အနုပညာကြယ်တစ်ပွင့်ဖြစ်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ပြည့်ပြည့်လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဥိး။

Chilli – CeleGabar
Photo Credit – Pyae Pyae

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …