ချစ်ဇနီးလေးကြောင့် ဓာတ်ပုံပညာကို ဝါသနာပါလာတယ်ဆိုတဲ့ ရွှေထူး

အနုပညာနယ်ပယ်မှာ အောင်မြင်မှုအသီးသီးရရှိထားတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ အတွဲလေးကိုတော့ ပရိသတ်တွေလည်း ချစ်ကြမှာပါနော်။ ရွှေနှစ်ရွှေလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့အတွဲလေးဖြစ်သလို အိမ်ထောင်ကျပြီးတဲ့အချိန်မှာလည်း အချစ်မလျော့ဘဲ သမီးရည်းစားတွေထက်တောင် တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ကြတဲ့အတွဲလေးပါ။

မကြာခဏဆိုသလို တစ်ယောက်ကို တစ်ယောက် Surprise လုပ်ကာ ပျော်စရာတွေဖန်တီးပေးလေ့ရှိသလို လူမှုကွန်ရက်မှာလည်း သူတို့နှစ်ဦးရဲ့ကြည်နူးစရာအချိန်လေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ရွှေထူးကတော့ ချစ်ဇနီးလေးရွှေမှုံကို ကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေးတွေနဲ့အတူ ” သူ့ကိုပုံလှလှလေးရိုက်ပေးချင်လို့… ဓာတ်ပုံပညာကိုဝါသနာပါလာတယ် …Acc ထဲက ဓာတ်ဆာများ စိတ်ဆိုးကြပါနဲ့ခင်ဗျ ” ဆိုပြီးရေးသားမျှဝေခဲ့သလို ရွှေမှုံကလည်း “ကိုရွှေ ရိုက်ချက်များနှင့်ကျွန်မ” ဆိုပြီး ရေးသားကာ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

မင်းသမီးတစ်ယောက်မို့ ဓာတ်ပုံဆရာပေါင်းများစွာနဲ့ ဓာတ်ပုံကောင်းကောင်းတွေအများကြီးရှိပေမယ့်လည်း ချစ်ဇနီးလေးအတွက် ပင်တိုင်ဓာတ်ပုံဆရာဖြစ်ချင်တဲ့ရွှေထူးကတော့ ရွှေမှုံ ပုံလှလှလေးတွေရဖို့ ဓာတ်ပုံပညာကို ဝါသနာပါလာပါပြီတဲ့ ပရိသတ်ကြီးရေ… ကိုရွှေကိုယ်တိုင်ရိုက်ပေးထားတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်တချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Htoo Khant
Rainbow- Cele Gabar