သရုပ်ဆောင်တော်လွန်းလို့ လူဝေဖန်စရာဖြစ်သွားတဲ့ မင်းသမီးချော ဖြိုးသံသာချို

မင်းသမီးချော ဖြိုးသံသာချိုကတော့ MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ မိုးကောင်းကင်အိပ်မက် ရုပ်သံဇာတ်လမ်းတွဲကြီးထဲမှာ ဂျမ်းပုံ( ခေါ် ) သင်းပျံ့ပျံ့မွှေး ဆိုတဲ့ ဗီလိန်ကာရိုက်တာ နဲ့အတူ သူ့ရဲ့ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်တော်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာကိုရရှိထားသူလည်းဖြစ်ပါတယ်။သူကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း ဝေေ၀ ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုထပ်မံသိမ်းပိုက်ထားပါတယ်။

မင်းသမီးချော ဖြိုးသံသာချိုဟာ မိုးကောင်းကင်အိပ်မက် ရုပ်သံဇာတ်လမ်းတွဲကြီးထဲမှာ မင်းသားချောလပြည့်ရဲ့ ငြိမ်းမောင်ကာရိုက်တာနဲ့ အပြိုင်တွဲဖက်ကာ ဂျမ်းပုံ( ခေါ် ) သင်းပျံ့ပျံ့မွှေး ဆိုတဲ့ ဗီလိန်ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တာကြောင့် ကြည့်ရှူသူပရိသတ်တိုင်း ဒေါသထွက်ရတဲ့အထိပါပဲ။လက်ရှိမှာတော့ သင်းပျံ့ပျံ့မွှေး ဆိုတဲ့ ဗီလိန်ကာရိုက်တာရဲ့ သရုပ်ဆောင်တော်လွန်းတာကြောင့် လူဝေဖန်စရာဖြစ်သွားတဲ့အကြောင်းကို “ဂျမ်းပုံ တကယ်တော့ နင်က လူ သတ်တရားခံ” လို့ မင်းသားချော လပြည့်ဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပရိသတ်တစ်ယောက်ရဲ့ ကွန်းမန့်ကို ပြန်လည်ရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ တင်ထားပါတယ်။ ပရိသတ်ရဲ့ ကွန်းမန့်ကတော့ ” ငွေမောင်းကာရိုက်တာမှာ အရမ်းပီပြင်လို့ အစ်ကို့နာမည်အရင်းထက် ငွေမောင်းဆိုတဲ့ နာမည်လေးပဲ စွဲနေတယ် အစ်ကို့ကိုတွေ့တိုင်း ဟိုမှာကိုငွေမောင်းကြီးလေလို့ သူငယ်ချင်းတွေကို ပြရတာအမော အာ့ဇာတ်ကားထဲက အစ်မ သင်းပျံ့ပျံ့မွှေးရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် TVကြည့်ရင်း အစ်မသင်းပျံ့ပျံ့မွှေး ဒေါသထွက်ရင်း သွေးတိုးလို့ ကျွန်တော်တို့ရက်ကွက်ထဲက ဦးတင်အေးကြီး ဆုံးသွားတယ်ဗျ၊ အာ့လောက် သရုပ်ဆောင်ပီပြင်ကြတာ” လို့ ပြောထားတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချော ဖြိုးသံသာချိုဟာ မိုးကောင်းကင်အိပ်မက် ရုပ်သံဇာတ်လမ်းတွဲကြီးထဲမှာ ဂျမ်းပုံ( ခေါ် ) သင်းပျံ့ပျံ့မွှေး ဆိုတဲ့ ဗီလိန်ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တာကြောင့် ကြည့်ရှူသူပရိသတ်တိုင်း ဒေါသထွက်ရပြီး ပရိသတ်တစ်ယောက်ဆို ဒေါသထွက်ရင်း သွေးတိုးလို့ ဆုံးသွားတယ်တဲ့။ပရိသတ်ကြီးရေ အဖြစ်အပျက်ကတော့ ငိုရမလိုလို ရယ်ရမလိုလိုပါပဲနော်။

Source: La Pyae,Phyo Thanthar Cho
DarDar-CeleGabar