အဖေနဲ့အမေအတွက် အိမ်သစ်လေးတစ်လုံးနဲ့ ကားတစ်စီး လက်ဆောင်ဝယ်ပေးခဲ့တဲ့ ပိုင်တံခွန်

ပရိသတ်အချစ်တော် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပိုင်တံခွန်ကတော့ ဒီနေ့ အိမ်သစ်‌လေးတစ်လုံး နဲ့ ကား တစ်စီးကို အဖေ နဲ့အမေ အတွက် လက်ဆောင်ဝယ်ပေးဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ Surprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ပြီး နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငိုပြီး ကိုယ်တိုင်လည်း ပီတိဖြစ်ခဲ့ရတဲ့ နေ့ရက်လေးပါပဲ ပရိသတ်ကြီးရေ ..။

ကျွန်တော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျွန်တော့် မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်။အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျွန်တော် မခံစားနိုင်ခဲ့ဘူး အဲဒီအချိန်ကတည်း ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ် ။ တနေ့ သား လုပ်ကျွေးခွင့်ရပါရစေဆိုတဲ့ ဆုကိုတောင်းခဲ့တဲ့ကြောင်း သူ့ဘ၀ ဇာတ်လမ်းလေးကိုလည်း ရေးသားဖော်ပြခဲ့ပါတယ် ။

အသက် (၁၈) နှစ်လောက်မှာ အိမ်ကနေ ထွက်ခဲ့ပေမယ့် ဒီနေ့ထိ တစ်ရက်မှ မိသားစုအပေါ် တာဝန်မပျက်ဖူးသလို “သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ ” ဆိုတဲ့မိဘရဲ့ ဆုံးမစကားအတိုင်းကြိုးစားအလုပ်လုပ်ပြီးရှာဖွေစုဆောင်းရင်း သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါးနေချိန်မှာ မနက်စာ နေ့လည်စာ ညစာကို (၁၆၀၀) ထက် ပိုမစားခဲ့ဘူး ။ ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် လို့ပိုင်တံခွန်ကဆိုပါတယ် ။

အခုချိန်မှာတော့ ပိုင်တံခွန်ကိုယ်တိုင် သိပ်ကို မြင်ချင်တဲ့ အရင်တစ်ချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီ ဖြစ်ပြီး ပရိသတ်တွေ အားလုံးကို ပြောပြချင်တာကမိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါ ဆိုတဲ့စာသားလေးနဲ့အတူ မိဘကို သိတတ်ဖို့ပရိသတ်တွေကို တိုက်တွန်းစကားဆိုခဲ့ပါသေးတယ် ။

Source : Paing Takhon
Emily (Cele Gabar)