လက်မှာtattooထိုးကာအားပေးကြမ်းတဲ့ ပရိသတ်ကြောင့် ဝမ်းသာကြည်နူးနေရတဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေကို များစွာရရှိထားတယ်ဆိုတာ အားလုံးအသိပါပဲ။ သရုပ်ဆောင်ပိုင်နိုင်လှသလို ချစ်စရာကောင်းတဲ့ ရွှေကစ်ကတော့ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးမှုမျိုးစုံကို ကြုံနေရတာပါ။ အခုလည်း တကယ့်ကိုSurprise ဖြစ်စရာအားပေးမှုကြီးကို ကြုံလိုက်ရပြန်ပါပြီ။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပရိတ်သတ်ကပေးတဲ့ကစ်အတွက် မွေးနေ့လက်ဆောင်လို့မှတ်ယူပါတယ်။အခုလိုချစ်ပေးတဲ့ အတွက် အရမ်းပျော်ရပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်း က ကစ်နာမည် နဲ့ tattoo ထိုးတာ တွေ ကစ် မြင်ခဲ့ရတယ် တချို့တွေဆို ဓားတွေနဲ့ မွှန်းတာတွေရော အစုံပဲ ဘာလို့ အဲ့လိုတောင်လုပ်ကြရတာလဲလို့ ဂရုဏာဒေါသောနဲ့မေးမိတယ် ဆိုတော့ ချစ်လို့တဲ့ ကစ်ကို ချစ်လို့ တန်ဖိုးထားတယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ပြောမပြတတ်အောင်အရမ်းလဲ ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်။ ဝမ်းနည်း ရတယ် ဆိုတာကိုယ်က အသားနာမှာကြောက်တတ်တဲ့သူဆိုတော့ သူတို့လေးတွေ ဘယ်လောက်တောင် နာနေမလဲလို့ တွေးရင်းခံစားရတယ်။ ကစ်ကိုချစ်တယ်ဆိုရင်လေ ကစ် အတွက် အသားနာပီးချစ်ပေးဖို့မလိုပါဘူး နာကျင်ရမှာစိုးလို့ပါ။ရင်ထဲမှာ ထာဝရရှိပေးနေရင်ကျေနပ်နေပါပီလို့။” ဆိုပြီးတော့ ရေးသားထားတာပါ။


ဒီလလေးကတော့ ရွှေကစ်ရဲ့မွေးနေ့လလေးလည်း ဖြစ်ပါတယ်။ မွေးနေ့လလေးမှာ လက်ကိုတက်တူးထိုးကာအသားအနာခံအားပေးသူတွေကြောင့် ပြောမပြတတ်အောင်ပျော်ရွှင်နေရမှာပါ။ တကယ့်ကိုအားပေးကြမ်းတဲ့ပရိသတ်တွေပါပဲနော်…
Source : WuttHmoneShweYi