မုသားပြောခဲ့တဲ့ချစ်သူကိုလွမ်းနေခဲ့ရတဲ့အကြောင်း ရေးဖွဲ့ထားတဲ့ ရတနာမိုင်ရဲ့ သီချင်းအသစ်လေး

ချစ်စရာကောင်းတဲ့အဆိုတော်မလေးအဖြစ်ပရိသတ်တွေရင်ထဲကိုဝင်ရောက်လာတဲ့ရတနာမိုင်ကတော့ အခုအချိန်အထိပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားဆဲဖြစ်သလို သီချင်းအသစ်တွေကိုဖန်တီးနေဆဲ နာမည်ကျော်အဆိုတော်အဖြစ်ရပ်တည်နေသူပါ။ သီချင်းအေးလေးတွေနဲ့ဖမ်းစားလေ့ရှိတဲ့ ရတနာမိုင်ကတော့ ဒီတစ်ခါမှာလည်း အသည်းကွဲသီချင်းလေးတစ်ပုဒ်ကို ထွက်ရှိလာပါတယ်။


ဒီသီချင်းလေးနာမည်ကတော့ “မုသား” ဖြစ်ပြီးတော့ အရမ်းချစ်ရတဲ့ချစ်သူရဲ့မုသားစကားတွေကြားမှာ ယုံကြည်ပြီးချစ်ခဲ့ရပေမဲ့ ထားရစ်ခံခဲ့ရတဲ့သူတစ်ယောက်ရဲ့ခံစားချက်တွေကို သီဆိုထားတာပါ။ ဒီသီချင်းထဲမှာတော့ “တူနှစ်ကိုယ်ဆို မိုးရေတွေထဲမှာနေရနေရပါဆိုတဲ့မင်းလည်း မိုးတွေသည်းလာတော့ပြန်ထွက်သွားတယ် ငါအသက်လောက်ချစ်လည်း မင်းအချစ်ကအသက်မပါခဲ့ ” စတဲ့ ဆွေးဆွေးမြေ့မြေ့သီချင်းစာသားလေးတွေကတော့ ပရိသတ်တွေခံစားချက်တွေနဲ့ကိုက်ညီစေမှာပါ။

ဒီသီချင်းမတိုင်ခင်မှာထွက်ရှိထားတဲ့ “လွမ်းဖျား.. လွမ်းနာ” သီချင်းကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ပါသေးတယ်။ ရတနာမိုင်ကတော့ မိုးရာသီမှာပရိသတ်တွေ အလွမ်းအဆွေးလေးတွေခံစားလို့ရအောင် သီချင်းအသစ်တွေဖန်တီးပေးနေတာပါ။ အခုလည်း သီချင်းအသစ်လေးကို ပရိသတ်တွေနားဆင်လို့ရအောင်ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : YadanarMy