ဝါတွင်းကာလမှာ (၁၀၈)ရက်တိတိ သတ်သတ်လွတ်စားပြီးအဓိဌာန်ဝင်မယ်ဆိုတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ တစ်ချိန်ကသရုပ်တစ်ယောက်အနေနဲ့ပရိသတ်အချစ်တွေသိမ်းပိုက်ထားရုံသာမကဒီနေ့မှာအနုပညာအလုပ်တွေသိပ်မလုပ်တော့ပေမဲ့ ပရိသတ်အခိုင်အမာအားပေးမှုကို ရရှိထားဆဲသူတစ်ယောက်ပါ။ စမိုင်းလ်ကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ထောင်ထားသလို ပရိသတ်တွေကိုလည်းနေ့စဉ်လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ရှိသူပါ။


စမိုင်းလ်ကတော့ ဘုရားတရားရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေလေးစားရသူတစ်ယောက်ပါ။ မကြာသေးခင်ကမယ်သီလရှင်ဝတ်ခဲ့ပြီး ခရီးတွေလည်းထွက်ခဲ့ပါသေးတယ်။ အခုလိုဝါဝင်တဲ့ကာလမှာတော့ “ယနေ့ဝါဆိုလပြည့်နေ့မှစ၍ ၁၀၈ရက်တိုင်တိုင် သက်သက်လွတ်စား အဓိဌာန်ဝင်ချင်းစတဲ့ ကောင်းမှုကုသိုလ်များလုပ်ဆောင်သွားပါမည်” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။


စမိုင်းလ်ကတော့ ကိုယ်တိုင်လည်း ကုသိုလ်အရေးတွေကိုပြုလုပ်နေသလို ပရိသတ်တွေနဲ့လည်း အဓိဌာန်ဝင်တာမျိုးတွေပြုလုပ်လေ့ရှိသူပါ။ အခုလည်း ဝါတွင်းကာလမှာကောင်းမှုကုသိုလ်တွေပြုတော့မယ့်အကြောင်းလည်း မျှဝေခဲ့ပါတယ်။ တကယ့်ကိုလေးစားစရာပါပဲနော်…
Source : စမိုင်းလ် Smile