JOOX ရဲ့ ထိပ်ဆုံးနေရာမှာရှိနေတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ သီချင်း

ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲထဲမှာ ရွှေထူးနဲ့ရွှေမှုံရတီတို့လည်း ပါဝင်နေတာပါ။ ရွှေမှုံရတီကတော့ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်သလို ရွှေထူးကတော့အောင်မြင်တဲ့အဆိုတော်အဖြစ် ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာရရှိထားတာပါ။ သူတို့နှစ်ဦးကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာ အတူတူတွဲပြီး သီချင်းအသစ်တွေလည်း ဖန်တီးကြပါသေးတယ်။


ဇူလိုင်လ(၁၂)ရက်နေ့မှာတော့ နှစ်ယောက်အတူသီဆိုထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ မိုးစက်များကပြောသော ဆိုတဲ့သီချင်းဖြစ်ပြီး Teaser မှာကတည်းက ပရိသတ်တွေစိတ်ဝင်စားနေသလို သီချင်းထွက်ရှိတဲ့အချိန်မှာလည်း ပရိသတ်တွေအားပေးကြမ်းကြတာပါ။ အခုလည်း သီချင်းချစ်သူတွေနားဆင်လေ့ရှိတဲ့ JOOX အပ်ပလီကေးရှင်းမှာတော့ နံပါတ်တစ်နေရာကိုရယူထားခဲ့ပါပြီ။


ဒီသီချင်းစာသားတွေကတော့ ပရိသတ်တွေခံစားချက်တွေနဲ့ကိုက်ညီနေသလို ရွှေထူးနဲ့ရွှေမှုံတို့ရဲ့သရုပ်ဆောင်ချက်တွေကြောင့်လည်း ပိုပြီးတော့အသက်ဝင်နေတာလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ လက်ရှိအချိန်မှာကြည့်ရှုသူ(၆)သန်းကျော်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအားပေးမှုများစွာရရှိနေတာပါ။ ဒါကြောင့်လည်း JOOX မှာ နံပါတ်တစ်ချိတ်ခဲ့ပါပြီနော်…
Source : ShweHtoo