မွေးနေ့လေးမှာ မိသားစုတွေနဲ့အတူအချိန်ပေးပြီး ကုန်ဆုံးဖြစ်ခဲ့တဲ့ဝိုင်းလေး

ပရိသတ်အချစ်တော်ဝိုင်းလေးကိုတော့ “အိမ်မက်ဆုံရာ” ပြိုင်ပွဲမှာ ပရိသတ်တွေသတိထားမိခဲ့သလို လက်ရှိအချိန်မှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်လက်ဖြစ်နေပါပြီ။ ဝိုင်းလေးကတော့အယ်လ်ဘမ်အခွေတွေလည်း ထုတ်ခဲ့သလို ပရိသတ်ကြိုက်နှစ်သက်တဲ့သီချင်းတွေကိုလည်းဖန်တီးခဲ့သူပါ။ လက်ရှိအချိန်မှာလည်း Cover သီချင်းတွေကို သီဆိုနေပြီး ပရိသတ်ကြိုက်နှစ်သက်မှုများစွာရရှိထားတာပါ။


မနေ့ကတော့ဝိုင်းလေးရဲ့မွေးနေ့ဖြစ်ပြီး သူ့ရဲ့မိသားစုနဲ့အတူအချိန်ကုန်ဆုံးခဲ့ကာ “ဒီနေ့ကျရောက်တဲ့ ဝိုင်း ရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့မိသားစုတွေနဲ့အတူ ကောင်းမွန်တဲ့ညစာလေးကို Wyndham Grand Yangon Hotel က Birthday Cake နဲ့ အတူ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်..တနေကုန် ချစ်ရတဲ့ သူတွေရဲ့ဆုတောင်းတွေ လက်ဆောင်တွေ ချစ်ရတဲ့ Fans တွေကပြုလုပ်ပေးတဲ့ အလှူပုံရိပ်တွေနဲ့ အရမ်းကို အေးချမ်းတဲ့ ပြီးပြည့်စုံသော မွေးနေ့လေးဖြစ်ခဲ့ပါတယ်…တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးများကြီးတင်ပါတယ်နော်…ဝိုင်းရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက်အားပေးပါအုန်းလို့ အမြဲဆက်ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်…အားလုံးကို ချစ်တယ်” ဆိုပြီးတော့ မိသားစုနဲ့ရိုက်ကူးထားတဲ့ပုံတွေနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။


ဝိုင်းလေးကတော့ အဆိုတော်တစ်ယောက်ဖြစ်သလို မြန်မာ့ကိုယ်စားပြုအလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဝါသနာပါတဲ့ဂီတကို တစ်စိုက်မတ်မတ်ကြိုးစားနေသူတစ်ယောက်ပါ။ ဝိုင်းလေးတစ်ယောက်မွေးနေ့မှစ အောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်…


Source : WyneLay