ဝါဆိုလပြည့်နေ့မှာ ဝါဆိုသင်္ကန်းကပ်ကာ ကုသိုလ်အတူတူယူခဲ့တဲ့ ပိုပိုနဲ့ဝင့်ယမုံနိုင်

ပရိသတ်အချစ်တော်အနုပညာရှင်တွေများစွာရှိသလို ပိုပိုနဲ့ဝင့်ယမုံနိုင်တို့ကိုလည်း ပရိသတ်တွေသိကြမှာပါ။ ဝင့်ယမုံနိုင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာကလည်းက ပရိသတ်တွေ “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲနဲ့ ကြိုက်နှစ်သက်ခဲ့ရသူပါ။ ပိုပိုကတော့ ပရိသတ်တွေကို သီချင်းကောင်းလေးတွေဖန်တီးပေးနေသူမို့ အချစ်ပိုရတဲ့နာမည်ကျော်အဆိုတော်တစ်လက်လည်း ဖြစ်ပါတယ်။


နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့သူတို့နှစ်ဦးကတော့ ဝါဆိုလပြည့်နေ့မှာ ကောင်းမှုကုသိုလ်တွေလုပ်ဖို့ မမေ့ကြပါဘူး။ သူတို့နှစ်ဦးကတော့ ဝါဆိုသင်္ကန်းကပ်တဲ့အလှူလေးကို “ဝါဆိုလပြည့်နေမှာ အတူတူကုသိုလ်ယူကြတယ်” ဆိုပြီးတော့ ရေးသားကာ အလှူအတန်းပြုလုပ်နေတဲ့ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို ဖေ့ဘွတ်ခ်မှတစ်ဆင့်အသိပေးမျှဝေလာခဲ့ပါတယ်။


မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုဝတ်ကာ အလှူပြုနေတဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရင်ကိုအေးစေသလို အလှူကိုလည်း ကြည်နူးတဲ့ခံစားချက်တွေကူးစက်စေခဲ့ပါတယ်။ ဝါတွင်းကာလစတင်ဝင်ရောက်လာကတည်းက အလှူတွေပြုလုပ်နေတဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်လျက်ရှိတာပါ။ ပိုပိုနဲ့ဝင့်ယမုံနိုင်တို့ရဲ့ပရိသတ်တွေရှိကြလားနော်…
Source : WintYamoneNaing