ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ချစ်စရာပုံရိပ်လေးတွေကိုမျှဝေလာတဲ့ မျိုးမင်းစိုးနဲ့ဖြူဖြူထွေး

လက်ရှိအချိန်မှာကြော်ငြာဘုရင်မလေးဖြစ်နေတဲ့ဖြူဖြူထွေးက ပရိသတ်အားပေးမှုကို များစွာရရှိနေတာလည်း ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေများစွာလုပ်တဲ့ မြန်မာနိုင်ငံရဲနာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့မျိုးမင်းစိုးကိုလည်း ပရိသတ်တွေချစ်ခင်အားပေးကြတာပါ။ သူတို့နှစ်ဦးကတော့ မကြာသေးခင်ကချစ်စရာကောင်းတဲ့ Tik Tok လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ်။


အခုလည်း သူတို့နှစ်ဦးရဲ့အတွဲညီညီရိုက်ကူးထားတဲ့ကြော်ငြာပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေခဲ့ပါသေးတယ်။ မျိုးမင်းစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ” ဖြူဖြူထွေးနဲ့ ရွှေမြင်းပုသိမ်ဟာလဝါနဲ့ သူဌေးမုန့် ကြော်ငြာလေး မနက်အစောကြီးထဲကရိုက်နေပါတယ်နော်။” ဆိုပြီးတော့ ရေးသားထားပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ ပုသိမ်ဟာလဝါရိုက်ကူးနေတဲ့ ကြော်ငြာလေးဖြစ်ပြီး ပရိသတ်တွေကတော့ သဘောကျနေကြတာဖြစ်ပါတယ်။


ဖြူဖြူထွေးနဲ့မျိုးမင်းစိုးတို့ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသလို ကြော်ငြာရိုက်ကူးနေတော့လည်း ပရိသတ်တွေက အားပေးနေကြတာပါ။ သူတို့နှစ်ဦးရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကိုကြည့်ပြီး ကြော်ငြာလေးတွေကို ပရိသတ်တွေကစိတ်ဝင်စားနေကြတာတော့အမှန်ပါပဲနော်…
Source : MyoMinSoe