ချစ်ရသူတွေအတွက် ကိုယ်တိုင်ဆိုထားတဲ့ သီချင်းဗွီဒီယိုလေး မျှဝေပေးလိုက်တဲ့ ဖွေးဖွေး

ဖွေးစိန်လို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဖွေးဖွေးကတော့ မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ။ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အကယ်ဒမီဆုသုံးဆုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အနုပညာခရီးကို လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။

အမာခံပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးကတော့ ချစ်ရသူတွေအတွက်ရည်ရွယ်ပြီး သူသီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို မျှဝေခဲ့ပါတယ်။ ဒီသီချင်းလေးကို သီဆိုထားတာကြာပြီဖြစ်ပေမယ့် မနေ့ကတော့ သီချင်းဗွီဒီယိုလေးပြုလုပ်ကာ ပရိသတ်ကိုချပြခဲ့တာပါ။ ဒီသီချင်းလေးကိုတော့ အဆိုတော်ထွန်းနောင်ဆင့်ကရေးပေးထားပြီး ဖွေးစိန်ရဲ့အသံသေးသေးလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် သီဆိုထားပါတယ်။

အထီးကျန်နေတဲ့သူတစ်ယောက်ရဲ့ခံစားချက်ကို နားဆင်သူတွေပါ လိုက်ပါခံစားမိအောင် သီဆိုထားတဲ့ ဖွေးစိန်ရဲ့သီချင်းလေးကတော့ နားထောင်သူတွေကို ထပ်ခါထပ်ခါနားထောင်ချင်အောင်၊ ဒီသီချင်းလေးထဲမှာ စိတ်တွေ လိုက်ပါလွင့်မျောနေအောင် ဖမ်းစားမှုအပြည့်နဲ့ အရမ်းကောင်းတဲ့သီချင်းလေးပါပဲ ပရိသတ်ကြီးရေ။ ချစ်ရသူတွေအတွက် အချိန်ပေးပြီး ခံစားချက်အပြည့်နဲ့သီဆိုထားတဲ့ ဖွေးဖွေးရဲ့သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phway Phway
Rainbow- Cele Gabar