ဇာတ်ရုပ်ရွေးနေပေမဲ့နောက်ဆုံးမှာ ကောင်းမြတ်စံနဲ့အတူ ရုပ်ရှင်ရိုက်ကူးဖို့လက်ခံလိုက်တဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ပရိသတ်ကြားမှာ ကျော်ကြားတဲ့မင်းသမီးတစ်ဦးအနေနဲ့သိကြမှာပါ။ နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်တဲ့ ကောင်းမြတ်စံကိုလည်း ပရိသတ်တွေသိကြမှာပါ။ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ” ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေမြင်တွေ့ခဲ့ဖူးမှာပါ။


သူတို့နှစ်ယောက်ကို အတွဲညီညီသရုပ်ဆောင်ချက်တွေနဲ့မြင်တွေ့ချင်သူတွေအတွက် ဆန္ဒပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ကောင်းမြတ်စံကတော့ နောက်ထပ်ထွက်ရှိလာမယ့်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး “ကဲ အခုစရိုက်တော့မယ့် ဇာတ်လမ်းတွဲ အသစ်မှာ ဇာတ်ကောင် နာမည်လေးက “နေထက်” တဲ့” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပြီး ဒီပိုစ့်အောက်မှာမေမြင့်မိုရ်ကတော့ “ဘယ်သူလဲမင်းသမီးက” ဆိုပြီး ကွန်မန့်တစ်ခုရေးသားခဲ့တာပါ။ မေမြင့်မိုရ်ကို ကောင်းမြတ်စံကတော့ “ဇာတ်လမ်းတွဲမင်းသမီးကချေပြီးတော့ ဇာတ်ရုပ်ရွေးနေတယ်” ဆိုပြီး ပြန်လည်ရေးသားခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မေမြင့်မိုရ်က သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ဒီဇာတ်လမ်းလေးမှာပါဝင်ဖို့အတည်ပြုလိုက်ပြီဖြစ်ကြောင်းလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားခဲ့ပါတယ်။


မေမြင့်မိုရ်ရဲ့ပရိသတ်တွေသာမကကောင်းမြတ်စံရဲ့ပရိသတ်တွေကလည်း ဒီသတင်းအတွက်ပျော်ရွှင်နေကြတော့မှာအမှန်ပါပဲ။ ထပ်မံထွက်ရှိလာမယ့် ဇာတ်လမ်းတွဲအသစ်လေးကိုရင်ခုန်နေကြတဲ့သူတွေရှိလားနော်…
Source : KaungMyatSan,MayMyintMo