အပြင်ထွက်ချင်ပေမယ့် အိမ်မပိုင်တဲ့ဂေါ်လီလေးတွေအတွက် အခွီရိုက်ကူးထားတဲ့ ဆုအိမ့်စံရဲ့ဗွီဒီယိုလေး

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ ပရိသတ်ကိုအလေးထားဆက်ဆံလေ့ရှိသလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလည်း တနေ့တာအကြောင်းအရာလေးတွေကို မျှဝေပေးလေ့ရှိသူပါ။ အခုနောက်ပိုင်းမှာဆိုရင်လည်း ပရိသတ်တွေရယ်မောပျော်စေနိုင်ဖို့ ဟာသဗွီဒီယိုအတိုလေးတွေပါ ဖန်တီးရိုက်ကူးကာ တင်ဆက်ပေးလျက်ရှိပါတယ်။

ဒီနေ့မှာတော့ အိမ်မပိုင်တဲ့လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာလေးတွေကို ဟာသဗွီဒီယိုလေးရိုက်ကူးခဲ့ပါတယ်။ အကြောင်းပြချက်မျိုးစုံပေးပြီး အပြင်ထွက်ရဖို့အမြဲချောင်းနေတဲ့ အိမ်မပိုင်ဘဲ ဂေါ်လီလုပ်ချင်တဲ့သူတွေ လုပ်နေကျအရာလေးတွေကို ဆုအိမ့်စံနဲ့သူ့ရဲ့သူငယ်ချင်းတွေက ဟာသဗွီဒီယိုလေးလုပ်ကာ မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

ချစ်ဖို့ကောင်းတဲ့ဆုဆုနဲ့ သူငယ်ချင်းတွေရိုက်ကူးထားတဲ့ ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော အိမ်မပိုင်ဘဲ ဂေါ်လီလုပ်နေတဲ့သူတွေရှိလား။ ဆုအိမ့်စံရဲ့ ဗွီဒီယိုလေးကို ကြည့်ပြီး ဘဝတူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦး။

Source – Su Eaint San
Rainbow- Cele Gabar