အဖေနဲ့အမေကို အိမ်နဲ့ကား Surprise လုပ်ပြီးပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ဗွီဒီယိုလေး

ပိုင်တံခွန်ကတော့ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ ဖြူစင်တဲ့အပြုံးပိုင်ရှင်လေးတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံတချို့မှာပါ အားပေးသူပရိသတ်အခိုင်အမာရရှိလာသူတစ်ယောက်ပါ။ အနုပညာလောကမှာ ကာလတစ်ခုကြာရပ်တည်ခဲ့ပြီးနောက် သူစုဆောင်းထားတဲ့အနုပညာကြေးလေးတွေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက မိဘနှစ်ပါးကို Surprise လုပ်ကာ အိမ်နဲ့ကားလေး လက်ဆောင်ပေးခဲ့ပါတယ်။

မိဘနှစ်ပါးကို အိမ်နဲ့ကားလက်ဆောင်ပေးခဲ့တဲ့အကြောင်းကိုတော့ ဓာတ်ပုံတချို့မျှဝေပေးခဲ့ပြီး ဒီနေ့မှာတော့ မိဘတွေကို ဘယ်လိုပုံစံမျိုးနဲ့ သွားခေါ်ပြီး Surprise လုပ်ပေးခဲ့သလဲ သိချင်နေတဲ့ပရိသတ်ကြီးအတွက် ဗွီဒီယိုရိုက်ကူးထားတာကို မျှဝေခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ မိဘတွေကို အံ့သြဝမ်းသာစေလိုတဲ့စိတ်နဲ့ လက်ဆောင်ကို Surprise လုပ်ကာ ပေးဖို့ စီစဉ်ထားပြီး မိဘတွေကိုတော့ အနုပညာရှင်နဲ့မိဘ တီဗွီအစီအစဉ်လေးရိုက်ဖို့ဆိုကာ လိမ်ခေါ်ခဲ့တာပါတဲ့ ပရိသတ်ကြီးရေ…

မိဘတွေမရိပ်မိအောင် ကားပေါ်မှာလည်း ဂိမ်းအစီအစဉ်တချို့နဲ့ လက်ဆောင်ပေးမယ့် အိမ်လေးဆီရောက်အောင် သွားရင်း ပျော်ရွှင်နေတဲ့ ပိုင်တံခွန်နဲ့ သားလေးရဲ့သိတတ်မှုကြောင့် ပီတိမျက်ရည်ကျခဲ့တဲ့ ဖေဖေ၊မေမေတို့ရဲ့ ကြည်နူးစရာအချိန်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးကို ဒီနေ့မှာမျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Paing Takhon
Rainbow- Cele Gabar