ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ အခွီရိုက်ကူးထားတဲ့ ကြော်ငြာဗွီဒီယိုလေး

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ကတော့ မိတ်ကပ်ပညာရှင်တွေဖြစ်ပေမယ့် ကိုယ်စီအားပေးသူပရိသတ်အခိုင်အမာရရှိထားသူတွေပါ။ အမြဲတစ်တွဲတွဲတွေ့နေရတဲ့သူတို့နှစ်ယောက်ကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေပျော်ရွှင်ရအောင်လည်း ဟာသဗွီဒီယိုလေးတွေ၊ ဟာသဓာတ်ပုံလေးတွေ ရိုက်ကူးမျှဝေလေ့ရှိသူပါ။

နောက်ပိုင်းမှာ နှစ်ယောက်သားအတွဲလိုက်ရုပ်ရှင်တွေ ရိုက်ကူးလာရတဲ့အထိ ပရိသတ်အသိမှတ်ပြုအားပေးမှု ရရှိလာခဲ့ကြတဲ့သူတို့နှစ်ယောက်ကတော့ ဒီတစ်ခေါက်မှာလည်း ကြော်ငြာလေးတစ်ခုလက်ခံရိုက်ကူးဖြစ်ခဲ့ပြီး နှစ်ယောက်သားတွဲဖက်ညီညီ ပရိသတ်တွေဘဝအမောပြေရအောင် အခွီရိုက်ကူးကာ တင်ဆက်ပေးခဲ့ပါတယ်။

ပရိသတ်တွေပျော်ရွှင်ရအောင် အမြဲဖန်တီးပေးနေသူပီပီ ဒီကြော်ငြာလေးထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေနဲ့ အကောင်းဆုံးပျော်စရာတွေဖန်တီးပြီး သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ… ကြည့်လိုက်တာနဲ့ ပါးစပ်မစိအောင် ရယ်နေရမယ့် သုသုနဲ့လင်းလင်းတို့ရဲ့ ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Nyi Nyi Maung
Rainbow- Cele Gabar