အပျိုကြီးမမဇာတ်ရုပ်နဲ့ လိုက်ဖက်နေတာကြောင့် ပရိသတ်တွေသဘောကျခံနေရတဲ့ မြတ်သူသူ

မြတ်သူသူကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်အချစ်ကိုရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ပါ။ မြတ်သူသူကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ဖူးသလိုပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားတဲ့မင်းသမီးတစ်လက်ပါ။


အခုလည်း “တို့မမနဲ့တို့” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဟိန်းမင်းသူ၊ မြတ်သူသူ၊မိုးသူရ၊စိုပြေမြင့်နဲ့ ရှင်မင်းဆက်တို့ပါဝင်ထားတာပါ။ ဒီဇာတ်ကားလေးမှာတော့ မြတ်သူသူက အဓိကဇာတ်ဆောင်ဖြစ်တဲ့ လှလည်းလှသလို စိတ်ထားကောင်းပြီး မဟုတ်မခံတတ်တဲ့ အပျိုကြီးမမ သန်းသန်းဆင့်အဖြစ်နဲ့ပါဝင်ထားတာပါ။ ဇာတ်ရုပ်တိုင်းကို လိုက်ဖက်အောင် သရုပ်ဆောင်လေ့ရှိတဲ့ မြတ်သူသူကတော့ အခုလိုဇာတ်ရုပ်နဲ့လည်း လိုက်ဖက်နေပြန်ပါတယ်။


ပရိသတ်တွေကတော့ ဒီဇာတ်လမ်းထဲကဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ နှစ်သိမ့်ဆု ကိုလည်း ကိုယ်တိုင်သီဆိုထားပါသေးတယ်။ ဇာတ်လမ်းတွဲကတော့အဝပိုင်းပဲရှိသေးပေမဲ့ ပရိသတ်တွေသဘောကျမှုကိုရရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကတော့ သန်းသန်းဆင့်ဆိုတဲ့ ဇာတ်ရုပ်ကို သဘောကျနေတာကြတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲကို ကြည့်နေကြတဲ့သူတွေရှိလားနော်…
Source : MyatThuThu