လွမ်းမောစရာခံစားချက်လေးတွေကို ပြောပြလာတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေ

မင်းသမီးချောလေးဆောင်းဝတ်ရည်မေကိုတော့ ရုပ်သ့ဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရင်းရင်းနှီးနှီးရှိကြမှာပါ။ တုစိန်လေးလို့လည်း ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့မင်းသမီးချောလေးကတော့ အမုန်းမှသည် ချစ်ခြင်းတရားတို့ရှိရာ စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပီပြင်စွာသရုပ်ဆောင်ပြီး ပရိသတ်တွေအချစ်ကိုလည်း သိမ်းပိုက်ထားနိုင်သူပါ။


ဆောင်းဝတ်ရည်မေကတော့ မကြာသေးခင်ကလင်းပိုင်လေးတွေအသက်ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ကာကွယ်ဖို့အစီအစဉ်လေးတွေလည်း အားတက်သရောစိတ်ဝင်စားမှုရှိနေပြန်တာပါ။ ခံစားလွယ်တဲ့မင်းသမီးချောလေးကတော့ ဒီနေ့မှာ “ချစ်ခြင်းမေတ္တာကိုလည်း သတိရပါတယ်  ခင်များကိုလည်းသတိရပါတယ် ဆုံးရှုံးသွားတဲ့ အရာတွေထဲ မင်းကလွဲလို့ ဘာမှပြန်မလိုချင်တော့ပါဘူးကွယ် ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့သလို သူ့ရဲ့အလှပုံရိပ်လေးတွေကိုလည်း တင်ထားခဲ့ပါသေးတယ်။


ပရိသတ်တွေရဲ့အချစ်တွေကိုရရှိနေတဲ့မင်းသမီးချောလေးကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို ကြိုးစားလျက်ရှိနေတာပါ။ အခုဆိုရင်တော့သူ့ရဲ့ခံစားချက်လေးတွေကို ပရိသတ်တွေကို ရင်ဖွင့်ကာမျှဝေပေးခဲ့ပါပြီနော်…


Source : HsaungWutyeeMay