မွေးနေ့လေးမှာစည်ပင်ဝန်ထမ်းတွေအတွက် အလှူပြုလုပ်ခဲ့တဲ့လင်းလင်း

မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့လင်းလင်းကိုတော့ ပရိသတ်တွေရင်းနှီးကြမှာပါ။ လင်းလင်းကတော့ မိတ်ကပ်ပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်သလို အနုပညာရှင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေအသိအမှတ်ပြုခံထားရသူတစ်ယောက်ပါ။ လင်းလင်းကတော့ စိတ်ရင်းစေတနာကောင်းသလို ဟန်ဆောင်မှုမရှိပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်လည်း ပရိသတ်တွေကချစ်ခင်ရသူတစ်ယောက်ပါ။


ဒီနေ့လေးကတော့ ပရိသတ်တွေချစ်တဲ့လင်းလင်းရဲ့မွေးနေ့ရက်မြတ်လေးလည်းဖြစ်ပါတယ်။ လင်းလင်းကတော့သူ့ရဲ့မွေးနေ့လေးအတွက် အကျိုးရှိတဲ့အလှူလေးပြုလုပ်ကာအချိန်ကုန်ဆုံးခဲ့ပါတယ်။ အလှူလေးအကြောင်းကိုလည်း “လင်းရဲ့မွေးနေ့လေးမှာ တကယ့်လိုအပ်တဲ့ နေရာတွေမှာ ကူညီခွင့်ရလို့ မျက်ရည်တောင်ကျမိတယ် ၇ရက်သားသမီးအားလုံး ထပ်တူရပါစေ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။


လင်းလင်းကတော့စည်ပင်ဝန်ထမ်းတွေကို လိုက်လံပြီးတော့လှူဒါန်းခဲ့တာဖြစ်ပြီး ဒီအလှူလေးအတွက် ပရိသတ်တွေကတော့ ဝမ်းသာကြည်နူးနေကြတာပါ။ လင်းလင်းတစ်ယောက်မွေးနေ့မှစပြီး နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်မှုစွာ ရရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…

Source : LinLinn