အဖွဲ့တည်ထောင်တာ (၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ Project K အဖွဲ့

ခပ်ချောချောလူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Project-K Dancer အဖွဲ့ကတော့ မိန်းကလေး ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားအောင်မြင်တဲ့ အကအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ KpopInternational Cover Dance 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ် ပြိုင်ပြိုင်စဉ်က Project K အဖွဲ့က ဒုတိယဆုရရှိခဲ့ပြီး ပိုပြီး လူသိများလာခဲ့တာပဲဖြစ်ပါတယ် ။

ခုနောက်ပိုင်းမှာတော့ အကအပြင် သီချင်းလေးတွေလည်း သီဆိုကြပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတာလည်းတွေ့ ရပါတယ် ။ ဒီနေ့ ဇွန်လ (၂၄) ရက်နေ့မှာ အဖွဲ့တည်ထောင်ခဲ့တာ (၄) နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပြီး (၄) နှစ်ပြည့်အမှတ်တရအနေနဲ့ သူတို့ရဲ့ Project-K Official Page ကနေတဆင့် Live လွှင့်ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောခဲ့ကြပါတယ် ။

အခုလို Live လွှင့်ပြီး (၄) နှစ်ပြည့်တဲ့အထိ တောက်လျှောက်အားပေးလာကြတဲ့ ပရိသတ်တွေကျေးဇူးတင်စကားဆိုခဲ့ကြပြီး နောက်နှစ် ပေါင်းများစွာထိ ဆက်လက်ရပ်တည်နိုင်အောင် အားပေးကြပါလို့ ပရိသတ်တွေကိုတောင်းဆိုခဲ့ကြပါတယ် ။ မကြာခင်မှာလည်း Project-K ရဲ့ Music Video လေးတစ်ခု ထွက်ရှိလာမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး ပရိသတ်ကြီးရေ ..။

Source : Project K
Emily (Cele Gabar)