Covid ကာလကြောင့်အကျပ်အတည်းဖြစ်နေကြတဲ့ ရုပ်ရှင်လောကသားတွေအတွက် (၁၀) သိန်းတိတိလှူဒါန်းခဲ့တဲ့ မိုးဟေကို

နန်းဆန်တဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ သူမရဲ့ အလှတွေကို စာဖွဲ့လို့တောင်ကုန်နိုင်မယ်ထင်ပါဘူး ။ မော်ဒယ်လ်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် မိုးရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း ဦးစီးလုပ်ဆောင်နေတဲ့သူလည်းဖြစ်ပါတယ် ။

မိုးဟေကိုကတော့ အရင်လိုရုပ်ရှင်ဇာတ်ကားတွေ အများကြီးမရိုက်ဖြစ်တော့ပေမယ့် သူမရဲ့ အနုပညာလှုပ်ရှားမှု မှန်သမျှကို သူမရဲ့ Page ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။ မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်တတ်ပြီး အနုပညာလောက သားအချင်းချင်းလည်း ကြည့်ရှုစောင့်ကြည့်တတ်တဲ့ မင်းသမီးတစ်ယောက်ပါ ။ မကြာသေးမီကမှ ကျန်းမာရေးအခြေနေဆိုးရွားပြီးဆေးရုံတင်ခဲ့ရတဲ့ ဟာသလူရွှင်တော် ဘဘဦးမန်းဝင်းအတွက်လည်း ဆေးဖိုးအလှူငွေတွေ လှူဒါန်းခဲ့ပါသေးတယ်။

ဒီနေ့ ဇွန်လ(၂၄) ရက်နေ့မှာတော့ မိုးဟေကိုက Covid-19 ကာလကြောင့် အကျပ်အတည်းဖြစ်နေကြတဲ့ ရုပ်ရှင် ဗီဒီယိုလောကသားတွေအတွက် အလှူငွေ (၁၀) သိန်းကျပ်တိတိကို ရုပ်ရှင်အစည်းအရုံးကနေတဆင့် လှူဒါန်းကုသိုလ်ပြုခဲ့တယ်လို့သိရပါတယ် ။ မိုးဟေကို ကို ချစ်ခင်ကြတဲ့ Cele Gabar ပရိသတ်ကြီးလည်း ဒီအလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : U Aye Kyu Lay
Emily (Cele Gabar)