ကြော်ငြာတွေရိုက်ကူးနေတာကြောင့် အထင်အမြင်လွဲမှားနေတဲ့သူတွေကို ပြောပြလာတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ သူကတော့ အခုရက်ပိုင်းမှာ ကြော်ငြာလေးတွေရိုက်ကူးလာတာလည်းဖြစ်ပြီး လူအချို့ကတော့ ဒီအပေါ်မှာအထင်အမြင်လွဲမှားလာတာလည်း ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မျိုးမင်းစိုးကတော့ သေသေချာချာရှင်းလင်းပြောပြလာခဲ့တာပါ။


မျိုးမင်းစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော်ဒီရက်ပိုင်းအနုပညာအလုပ်လေးတွေလုပ်ဖြစ်နေတာအပျော်နဲ့ဝါသနာကြောင့်ပါနော်။စိတ်ထွက်ပေါက်တခုအနေနဲ့လုပ်နေတာပါနော် ငွေရေးကြေးရေးမက်ပြီးလုပ်နေတာမဟုတ်သလိုအနုပညာရှင်ဖြစ်ချင်နေလို့လုပ်နေတာလည်းမဟုတ်ပါဘူးနော်။ အနုပညာရှင်လည်းမဖြစ်ချင်ပါဘူးနော်။ဖြစ်နိင်တဲ့ရုပ်ရည်မရှိမှန်းလည်းဘွဲ့ရပညာတတ်မို့ကိုယ့်ကိုကိုယ်လည်းသိပါတယ်နော်….ကျွန်တော့်ရဲ့အဓိကအလုပ်ကdesigner အလုပ်ပါနော်။ ဒီdesigner အလုပ်ကလွဲပြီးဘာမှစိတ်မဝင်စားပါဘူး။ ကျွန်တော်က Designer မျိုးမင်းစိုးအဖြစ်ပဲအမြဲဖြစ်ချင်ရပ်တည်ချင်နေတာပါနော်။အမြဲဖြစ်နေအောင်လည်းကြိုးစားနေသူပါ။ ဘာလို့လည်းဆိုဒီအလုပ်နဲ့ပဲရှာဖွေပြီးလှူဒါန်းခဲ့တာသိန်းလေးထောင်ကျော်နေပါပြီနော်…
ကျန်တော်စိတ်ပါတဲ့ကြော်ငြာဆိုကျွန်တော့်ဂုဏ်သိက္ခာကိုမထိခိုက်ရင်ရိုက်ပါတယ်နော်။

နောက်ထပ်လက်ခံထားတာတွေလည်းအများကြီးပါနော်။ ငွေရေးကြေးရေးအဓိကမဟုတ်လို့ အနုပညာကြေးရလို့ရိုက်ခဲ့တာတွေရှိခဲ့သလို မရပဲချစ်ခင်မှူစေတနာနဲ့ရိုက်ပေးခဲ့တာတွေလည်းအများကြီးရှိခဲ့ပါတယ်။ ဒီနေ့လည်းအရက်ကြော်ငြာတခုရိုက်ဖို့ဒေါ်လာနဲ့ကမ်းလှမ်းခြင်းခံရပေမဲ့ ကျန်တော်ငြင်းခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဟာနိင်ငံတော်သမ္မတကချီးမြင့်ထားတဲ့သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်သုဓမ္မမဏိဇောတဓရဘွဲ့ ကိုချီးမြင့်ခြင်းခံထားရတဲ့လူတယောက်ဖြစ်နေတဲ့အတွက်ကြောင့်ရဲရဲဝင့်ဝင့်ငြင်းလိုက်ရတာပါ။ ကျွန်တော်အတွက်ငွေးကြေးကမလိုအပ်ပါဘူးနော်။ ဂုဏ်သိက္ခာတခုသာစောင့်ထိန်းဖို့လိုအပ်တာပါနော်။မရိုက်လို့ ချေတယ်လို့ထင်မြင်ကြတဲ့သူတွေအတွက်ကျန်တော့်ရဲ့ရှင်းလင်းချက်လေးတခုပါနော်. ကျန်တော့်လုပ်လိုက်တဲ့အလုပ်တခုကဘယ်သူမှထိခိုက်မှူမရှိပံအကျိုးဖြစ်ထွန်းစေမဲ့အလုပ်အများပျော်ရွှင်ပြီးသာဓုခေါ်ရမဲ့အကျိုးရှိစေမဲ့အလုပ်မှန်သမျှဆိုကျန်တော်ငွေရသည်ဖြစ်စေမရသည်ဖြစ်စေအဓိကစိတ်ပါရင်ကျွန်တော့်အမြဲလုပ်နေမှာပါနော်”ဆိုပြီးတော့ ရေးသားထားပါတယ်။


ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့အရည်အချင်းအပြည့်အဝရှိကာ အောင်မြင်နေသလို ပရဟိတတွေကိုအားတက်သရောလုပ်ကိုင်လေ့ရှိတာလည်း သိကြမှာပါ။ အခုဆိုရင်တော့ ငွေကြေးအဓိကမဟုတ်ဘဲအပျော်နဲ့ဝါသနာအရရိုက်ကူးနေတဲ့အပေါ်မှာအထင်အမြင်လွဲနေကြတာကို သေသေချာချာရှင်းပြလာတာဖြစ်ပြီး ခံယူချက်ကတော့တကယ့်ကိုလေးစားစရာပါပဲနော်…
Source : MyoMinSoe