မိမိရဲ့ပရဟိတဂေဟာမှာလှူခွင့်ရတာကြောင့်မျက်ရည်ကျတဲ့အထိဖြစ်ခဲ့တဲ့ အလှူရှင်တစ်ဦးနဲ့တွေ့ကြုံခဲ့ရကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရိသတ်တွေချစ်တဲ့မင်းသမီးတစ်ဦးဖြစ်သလို နှလုံးသားလှတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတဂေဟာကိုတည်ထောင်ထားပြီး မေတ္တာအပြည့်နဲ့ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူတစ်ဦးပါ။ ဒီပရဟိတဂေဟာကို အလှူရှင်တွေကမကြာခဏဆိုသလိုလာရောက်လှူဒါန်းကြပြီးထူးခြားတဲ့အဖြစ်အပျက်လေးတွေလည်း ရှိတတ်တာပါ။


ခိုင်နှင်းဝေကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ကျမရဲ့ ဂေဟာကို လာလှူရလို့ ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ အလှူရှင် တစ်ဦး ကြောင့် ကျမ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဖြစ်ခဲ့ပါတယ်ရှင်…အဝတ်လျော်လုပ်ငန်း လုပ်ပြီး တနေ့ကို ဝင်ငွေ ငါးထောင်ရှိရင် ၂ထောင်စုကာ နှစ်ချီ စုဆောင်းထားတဲ့ အလှူငွေ သုံးသိန်း ကျပ်တိတိကို လာလှူပေးခြင်းဖြစ်ပါတယ်..ကျမ လှူတဲ့ခါ ဝမ်းသာလို့ငိုဖူးသူတွေနဲ့ ကြုံခဲ့ရပြီး..ကျမကို လှူရလို့ ငိုတဲ့သူတွေ ခုတော့ ကြုံခဲ့ရပီရှင်…ကျမကလေးစားရပါသော ကျမကိုလေးစားပါသော” ဆိုပြီးတော့ ရေးသားထားပါတယ်။


ခိုင်နှင်းဝေကတော့ သူ့ရဲ့ဂေဟာကိုလာရောက်လှူဒါန်းတဲ့သူတွေကိုမကြာခဏဆိုသလိုကြုံဖူးမှာပါ။ အခုတစ်ခေါက်မှာတော့ အလှူအတန်းပြုခွင့်ရတဲ့အတွက် ကြည်နူးပီတိဖြစ်ကာ မျက်ရည်ကျတဲ့အထိဖြစ်ခဲ့တဲ့သူကိုလည်း ကြုံတွေ့ခဲ့ရတာပါ။ နှစ်ချီစုဆောင်းထားတဲ့ငွေတွေကိုလှူခွင့်ရခဲ့တာကတော့ ကြားရသူတွေအတွက်ကြည်နူးပီတိဖြစ်စရာပါပဲ….
Source : KhineHninWai