ဂျူဝယ်နဲ့အတူသီဆိုထားတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်ကို ပရိသတ်တွေရှေ့အရောက်ပို့တော့မယ့် မိစန္ဒီ

ရေခဲရိုက်အပြုံး ဆိုတဲ့သီချင်းနဲ့အတူ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အဆိုတော် မိစန္ဒီကတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ခေတ်ရေစီးကြောင်းနဲ့လိုက်ပြီး Trend ဖြစ်တဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး သူမရဲ့ ဈေးဗန်းခင်းတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့ပါတယ် ။

လတ်တလောမှာတော့ မိစန္ဒီတစ်ယောက် ရိုလို့လည်းပြီးပြီ.. ရုပ်ချောပြီဈေးဗန်းခင်းလို့လဲပြီးပြီ.. အသည်းကွဲချိန်တန်ပြီ.. ဆိုတဲ့ စာသားလေးနဲ့အတူ မကြာခင်အသည်းကွဲ သီချင်းတစ်ပုဒ် ထွက်ရှိတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ “အသဲကွဲအပေအတေ” music video လေးကို ပရိသတ်တွေဆီအရောက်ပို့ပေးတော့မှာဖြစ်ပြီး ပရိသတ်အချစ်တော် ဂျူဝယ်နဲ့အတူတူ တွဲဖက်သီဆိုထားတာဖြစ်ပါတယ် ။

ပရိသတ်တွေအတွက်တော့ မိုးရာသီမှာ မိုးအေးအေးလေးနဲ့ Feel လို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ် ဖြစ်လာဦးမှာတော့ အသေချာပါပဲ ။ မိစန္ဒီရဲ့ အသည်းကွဲသီချင်းသစ်လေးထွက်ရှိလာရင်လည်း Cele Gabar ပရိသတ်တွေဆီမျှဝေပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော် ။

Source : Mi Sandi
Emily (Cele Gabar)