အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်လို့ ချစ်သူမထားသေးတာပါဆိုတဲ့ ကျော်ထက်ဇော်

MRTV-4 မင်းသားတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ကျော်ထက်ဇော်ကတော့ ဒီနေ့မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ခံယူချက်တချို့ကိုပြောပြလာခဲ့ပါတယ်။ သူ့ကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ချစ်သူနဲ့တွဲမြင်ချင်တဲ့ပရိသတ်ကတော့ (၁၀) ရာခိုင်နှုန်းလောက်သာရှိပြီး သူကိုယ်တိုင်လည်း အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်တဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

“ပရိသတ်တွေက ကျွန်တော်ကိုအရမ်းချစ်ကြတယ်..တူလေးလိုပဲဖြစ်ဖြစ်၊ သားလေးလိုပဲ ဖြစ်ဖြစ်၊ အစ်ကိုလိုပဲဖြစ်ဖြစ်၊ မောင်လိုပဲဖြစ်ဖြစ် ချစ်ကြတယ်လေ… ကိုယ့်ရဲ့မိဘလို၊ မောင်နှမလို သူတို့က ကျွန်တော်တစ်ခြားသူစီပါသွားမှာ အရမ်းကိုသဝန်တိုကြတယ်.. ဒါကလည်းလေး တခြားစိတ်မဟုတ်ပါဘူး.. သူတို့မှာ ကျွန်တော်နဲ့ပတ်သက်ပြီး မေတ္တာတွေနဲ့ချစ်တဲ့စိတ်ပေါ့နော်.. ကျွန်တော်အနေနဲ့ဆိုရင် ကျွန်တော်အမြဲဖြေဖူးသလိုပေါ့.. သူတို့ရဲ့မေတ္တာတရားက အရမ်းကြီးမားတယ်.. ကျွန်တော်ချစ်လိုက်ရင်တစ်ယောက်ပဲရမယ်.. ကျွန်တော်ကိုချစ်ရင် အများကြီးရမယ်…ကျွန်တော်မှာ သူတို့တွေအများကြီးရှိနေတဲ့အတွက် သူတို့တွေအယောက်ပေါင်းများစွာ..လူပေါင်းများစွာ… စိတ်ပေါင်းများစွာ..နေရာပေါင်းများစွာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်တွေအများကြီးရှိနေတဲ့အတွက် ကျွန်တော် ဒီတစ်ယောက်ကိုမရွေးချယ်ချင်ဘူး… ဘာလို့ဆို ကျွန်တော့်မှာ သူတို့ရဲ့အချစ်တွေ အများကြီးပြည့်နေတဲ့အတွက်..ကျွန်တော် အားလုံးနဲ့တစ်ယောက်ကို မလဲနိုင်သေးပါဘူး” ဆိုပြီး တစ်ယောက်တည်း Single ဖြစ်နေခြင်းအကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ ကိုယ်ပိုင်ခံယူချက်အပြည့်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စိုက်မတ်မတ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေကိုလည်း အလေးအနက်ထားသူတစ်ယောက်မို့ အချစ်ရေးဘက်ကိုတော့ လုံးဝမစဉ်းစားသေးဘဲ ပရိသတ်အတွက်ပဲ အချိန်ပေးသွားပါမယ်တဲ့။

Source – Exclusive On Cele Gabar
Rainbow- Cele Gabar