Tik Tok လေးနဲ့ ရှေးခေတ်ရောက်သွားပါပြီဆိုတဲ့ ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ကိုပေါက်တို့ရဲ့ ဗွီဒီယို

တရုတ် application တစ်ခုဖြစ်တဲ့ Tik Tok ကိုတော့ တစ်ကမ္ဘာလုံးမှာ ပျော်ရွှင်စရာတစ်ခုအနေနဲ့ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ အနုပညာရှင်မဟုတ်တဲ့ သာမန်လူတွေလည်း Tik Tok မှာ တဒင်္ဂသရုပ်ဆောင်ဖြစ်ခွင့်ရတာမို့ ဒီ Application လေးကတော့ လူကြိုက်များတဲ့အရာတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာလည်း သာမန်လူတွေသာမက အနုပညာရှင်တွေပါ သုံးစွဲလာကြပါတယ်။

မြန်မာအနုပညာရှင်တွေထဲက Tik Tok ချစ်သူတွေလို့ ဆိုလို့ရမယ့် ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ကိုပေါက်တို့မှာဆိုရင်လည်း ကိုပေါက်ကတော့ ဟာသ Tik Tok တွေကိုအားသန်သူတစ်ယောက်ဖြစ်ပြီး ဒီဇိုင်နာမျိုးမင်းစိုးကတော့ သီချင်းနောက်ခံလေးတွေနဲ့ သရုပ်ဆောင်ရတဲ့ Tik Tok လေးတွေကို အမြဲ မျှဝေလေ့ရှိသူပါ။ လတ်တလောမှာတော့ ကိုပေါက်တစ်ယောက် မန္တလေးမြို့ကိုရောက်နေပြီး ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူတူ Tik Tok လေးတွေဖန်တီး ရိုက်ကူးဖြစ်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း Tik Tok တချို့ကို မျှဝေခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ရှေးခေတ်ပုံစံလေး သရုပ်ဆောင်ချင်တဲ့အတွက် ဒီဇိုင်နာမျိုးမင်းစိုးကတော့ ကိုပေါက်အတွက် ရှေးမြန်မာဝတ်စုံလေးကို တစ်ရက်အတွင်း ချုပ်ပေးခဲ့ပြီး ရှေးခေတ်စတိုင်လေးနဲ့ Tik Tok ဆော့ကာ မျှဝေပေးခဲ့ပါတယ်။ Tik Tok ချစ်သူနှစ်ယောက်ရဲ့ သေချာပြင်ဆင်ပြီးမှ ရိုက်ကူးထားတဲ့ Tik Tok ဗွီဒီယိုလေးကတော့ တကယ်ကိုရယ်နေရတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Myo Minn Soe, Aung Min Naing
Rainbow- Cele Gabar