မိသားစုပိုင် အခမဲ့မျက်စိဆေးရုံကြီးမှာ ဓာတ်လှေကားပါ ထပ်မံလှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု

အလှူရေစက်လက်နဲ့မကွာဆိုသလို နေ့တိုင်းနီးပါး အလှူမလုပ်တဲ့ရက်မရှိလောက်အောင် ကုသိုလ်ပြုနေသူတွေကတော့ စည်ဖြိုးတို့မိသားစုလေးပါ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့မိခင်ဒေါ်သီသီဝင်းနဲ့အတူ နောက်ကနေ ကူညီအားဖြည့်ပေးတတ်လွန်းတဲ့မိသားစုဝင်တွေကြောင့်လည်း စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေကြရတာ ဖြစ်ပါတယ်။

မနေ့ကတော့ ကျိုက်မရောဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ နဂါးရုပ်ထုအလှူအပြင် ဝတ္ထုငွေတွေပါ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်ကြီးကျောင်းဝင်းထဲက လူအချို့ကိုပါ တတ်နိုင်သလောက် ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့ပါသေးတယ်။ သူတို့မိသားစုလေးကတော့ ပုသိမ်မြို့တိုက်ကြီးကျောင်းစာသင်တိုက်မှာလည်း ET Foundation မျက်စိအခမဲ့ခွဲစိတ်ကုသဆေးရုံတည်ထောင်ထားပြီး မျက်စိဝေဒနာရှင်ပေါင်းများစွာကို အလင်းပေးနေတဲ့အပြင် ဒီနေ့မှာတော့ မျက်စိဆေးရုံမှာ လာရောက်ကုသနေတဲ့လူနာတွေ အဆင်ပြေစေဖို့အတွက် ဓာတ်လှေကားတစ်ခုကိုပါ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း ကြည်နူးဖွယ်ရာအလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..

နေ့စဉ်ရက်ဆက် အလှူကြီးအတန်းကြီးပေးနေတဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ တကယ်ကို ကိုယ့်မှာရှိတာ သူများကို မျှဝေတတ်တဲ့ မေတ္တာဓာတ်ကြီးမားတဲ့ မိသားစုလေးပါပဲ ပရိသတ်ကြီးရေ… လောကအတွက် အကျိုးများစေမယ့် အလှူတွေလုပ်ရင်း ဘဝကိုဖြတ်သန်းနေကြတဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ တကယ်ကိုလေးစားအားကျစရာ မိသားစုလေးပါပဲနော်။


Source – Si Phyo
Rainbow- Cele Gabar