ချစ်ရတဲ့ဖေဖေနဲ့ သူရဲ့မွေးနေ့အတွက် ဗွီဒီယိုလေးတစ်ခုရိုက်ကူးပြီး မျှဝေခဲ့တဲ့ မိုးယံဇွန်

ဒီနေ့ ဇွန်လ(၂၅) ရက်နေ့လေးကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ မိုးယံဇွန်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ မိုးယံဇွန်နဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့က မွေးနေ့ရက်အတူတူဖြစ်ပြီး ဒီနေ့မှာ ဖခင်ရဲ့မွေးနေ့အတွက်ပါ မိုးယံဇွန်ကတော့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးရင်း ဗွီဒီယိုလေးတစ်ခုကို မျှဝေခဲ့ပါတယ်။

မိုးယံဇွန်ကတော့ ဒီနေ့မှာ ဖခင်နဲ့သူ့ရဲ့မွေးနေ့အတွက် မနက်စောစောဘုရားသွားပြီး ကုသိုလ်ယူခဲ့သလို ဒီနေ့မွေးနေ့ရက်ရောက်ရောက်ချင်း ည(၁၂)နာရီမှာလည်း “ဟက်ပီးဘက်ဒေး ချစ်ဖေဖေကြီး… Happy Birthday To Me”ဆိုပြီး ဖခင်ဖြစ်သူနဲ့အတူ ဟိုးအရင် ကလေးဘဝတုန်းက ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်တစ်ခုကို လက်ရှိအနေအထားနဲ့ပြန်လည်ပုံဖော်ထားတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။

မိသားစုဝင်ချင်းထဲမှာတောင် မွေးနေ့တူဖို့ခက်ခဲတဲ့အနေအထားမှာ သားနဲ့အဖေ မွေးနေ့အတူတူကျင်းပခွင့်ရမယ့်ခံစားချက်လေးကတော့ တကယ်ကိုကြည်နူးစရာဖြစ်နေမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ဒီနေ့မွေးနေ့လေးစပြီး အောင်မြင်မှုတွေဆက်တိုက်ရရှိပြီး ချစ်ရတဲ့ဖေဖေနဲ့လည်း နောက်နှစ်တွေအများကြီး မွေးနေ့တူတူဆင်နွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Moe Yan Zune
Rainbow- Cele Gabar