အာပြဲစိန်လေးကို အားပေးမှုကြောင့် ရရှိလာတဲ့အမြတ်အစွန်းတချို့ကို ဘိုးဘွားရိပ်သာမှာ လှူဒါန်းပေးခဲ့တဲ့ နေမျိုးအောင်

နေမျိုးအောင်ကတော့ ဗွီဒီယိုလောကမှာ အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့နေသူတစ်ယောက်ပါ။ အိမ်ထောင်ရှင်မကောင်းပီသတဲ့ဇနီးလေးအပြင် ချစ်ဖို့ကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

နေမျိုးအောင်နဲ့ဇနီးဖြစ်သူတို့ကတော့ လတ်တလော ကိုဗစ်ကာလမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေအတွက် ဟင်းချက်နည်း၊ ငါးကိုင်နည်း ၊ ငံပြာရည်ကျိုနည်း အစရှိတဲ့ အိမ်ရှင်မတွေသိထားသင့်တဲ့နည်းလမ်းကောင်းတွေကို မျှဝေပေးလျက်ရှိတဲ့အပြင် မိသားစုပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ အာပြဲစိန် လုပ်ငန်းကနေလည်း အရည်အသွေးမှီ ငါးပိအမျိုးမျိုးနဲ့ ငံပြာရည်တို့ကိုရောင်းချပေးလျက်ရှိပါတယ်။

အရည်အသွေးပြည့်ဝကောင်းမွန်တဲ့ အာပြဲစိန်စားသောက်ကုန်လေးတွေကိုတော့ အနယ်နယ်အရပ်ရပ်က ဝယ်ယူအားပေးနေကြပြီး ဒီနေ့မှာတော့ အာပြဲစိန်က ရတဲ့ အမြတ်အစွန်းများကို ကျောက်တန်းဘိုးဘွားရိပ်သာမှ ဘိုးဘွားများရဲ့တနေ့တာအာဟာရအတွက် လှူဒါန်းပေးခဲ့သလို ပဒေသာပင်အတွက်လည်း တတ်နိုင်သလောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းကောင်းလေးကိုမျှဝေခဲ့ပါတယ်။ အာပြဲစိန်စားသောက်ကုန် ဝယ်ယူအားပေးသူတွေပါ ဒီကုသိုလ်အလှူလေးမှာ ပါဝင်တာမို့ နေမျိုးအောင်ကတော့ သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။


Source – Nay Myo Aung

Rainbow- Cele Gabar