ခြံထဲမှာ သီးနှံပင်တွေ အများကြီးစိုက်ပျိုးထားကြောင်း ပရိသတ်တွေကို ပြောပြလာတဲ့ စိုးပြည့်သဇင်

ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေချစ်ကြတဲ့ အပြင် မိန်းကလေး ပီသပြီးအိမ်မှုကိစ္စတွေကို ကျွမ်းကျင်လို့ ပရိသတ်တွေချီးကျူးမဆုံးဖြစ်နေတဲ့ မင်းသမီးလေးပါ ။ ဟင်းချက်ဝါသနာပါတဲ့ စိုးပြည့်တစ်ယောက်ကတော့ မကြာခဏဆိုသလို သူမချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ပရိသတ်တွေကို မျှဝေပေးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ စိုးပြည့်ကသူမတို့ ခြံထဲမှာသီးပင်စားပင်တွေအများကြီးစိုက်ထား တဲ့အကြောင်းကိုစိုးပြည့်ကကန်စွန်းရွက်အရမ်းစားလို့..နေ့တိုင်းလိုလိုကြော်စားတယ်လေ…အဲ့ဒါနဲ့ဘဲ…ခြံထဲမှာစိုက်မယ်..Organic ဘဲစားပါ…အန္တရာယ်ကင်းတယ်ဆိုပြီး…ခြံထဲမှာကန်စွန်းရွက်ကစလို့..မျိုးစုံစိုက်တော့တာပါဘဲ…ငရုတ်..ချဉ်ပေါင်…မြင်းခွါ..ဟင်းနုနွယ်..ရုံးပသီ…ပင်စိမ်း..နံနံ..ကြက်သွန်မြိတ်..မုန်ညှင်း…ပူစီနံ…ရွက်ယို..မျိုးစုံစိုက်တယ်..မေမေကအပင်စိုက်အရမ်းဝါသနာပါတယ်….သရက်တို့…ငှက်ပျောတို့..ပိန္နဲပင်တောင်ရှိတယ်ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့ခြံထဲက သီးနှံမျိုးစုံစိုက်ပျိုးထား ပုံလေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

စိုးပြည့်ကတော့အပင်စိုက်တာ သိပ်ဝါသနာမပါပေမယ့် ပန်းပင်တော့ကြိုက်တယ် .မေမေစိုက်သမျှခြံထဲဆင်းခူးပြီး ကြော်တော့စားတတ်ပါတယ်နော် ခုလည်းဓါတ်ပုံလေးရိုက်ရင်းကန်စွန်းရွက်ခူးပြီးမှိုနဲ့ကြော်စားလိုက်တယ် ဆိုပြီး ရေးသားထားပါသေးတယ် ။ စိုးပြည့်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် စိုးပြည့်တို့ခြံထဲက ချစ်စဖွယ် သီးနှံပင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Soe Pyae Thazin
Emily (Cele Gabar)