မွေးနေ့မှာဖွေးဖွေးကို သွားရောက်ကန်တော့ခဲ့တဲ့ ထိပ်ထားသခင်

သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ ထိပ်ထားသခင်လေးကတော့ ပရိသတ်တွေရဲ့အသည်းကျော်လေးလည်းဖြစ်နေတာပါ။ အသက်နဲ့မလိုက်အောင် သွက်လက်ချက်ချာတာကြောင့်လည်း ငယ်ငယ်လေးနဲ့လူသိများကာအောင်မြင်နေပါပြီ။ ထိပထားလေးကတော့ ထိပ်တန်းမင်းသမီးချောဖွေးဖွေးကို လေးစားအားကျသူတစ်ယောက်ပါ။


ထိပ်ထားလေးက သူ့ရဲ့မွေးနေ့လေးမှာဖွေးဖွေးဆီကိုသွားရောက်ပြီး ကန်တော့ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုကြည်နူးပီတိဖြစ်စရာ အခိုက်အတန့်လေးကိုတော့ ဖွေးဖွေးကသူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “လိမ်မာတဲ့ ကလေးလေး ထိပ်ထားသခင် Happy Birthday သမီး… I Love You.. ငယ်ငယ်လေး နဲ့အောင်မြင်တဲ့သမီးလေး..ကြီးထဲထိ အောင်မြင်မှု အဓွန့်ရှည် ပါစေ..P.S ..No Body shaming to Us MwahxX” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။


သူတို့နှစ်ဦးရဲ့ပုံရိပ်လေးကတော့တွေ့ရမြင်ရသူတိုင်းကို ကြည်နူးပီတိတွေကူးစက်စေခဲ့ပါပြီ။ ဖွေးဖွေးကတော့ချစ်စရာကောင်းပြီးနုပျိုတဲ့သူတစ်ယောက်ဖြစ်သလို ထိပ်ထားတို့လိုကလေးတွေရဲ့အသည်းကိုပါဖမ်းစားနိုင်တာအမှန်ပါပဲနော်။ ထိပ်ထားလေးနဲ့ဖွေးဖွေးတို့ရဲ့ကြည်နူးစရာအခိုက်အတန့်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : PhwayPhway

x
error: Content is protected !!