အဘွားဖြစ်သူကိုသတိရစိတ်နဲ့အတူ အရုဏ်ဆွမ်းလောင်းလှူဖြစ်ခဲ့တဲ့ မြတ်သူသူ

ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတွေထဲမှာ ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ မင်းသမီးတွေထဲမှာတော့ မြတ်သူသူလည်း အပါအဝင်ပါ။ မြတ်သူသူကတော့ လက်ရှိပြသနေတဲ့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာလည်း သန်းသန်းဆွေအဖြစ်နဲ့ သရုပ်ဆောင်ပီပြင်သူတစ်ယောက်ပါ။


သရုပ်ဆောင်ပိုင်နိုင်တဲ့ မြတ်သူသူကတော့ အလှူအတန်းတွေလုပ်ဖို့လည်း လက်မနှေးသူလေးပါ။ အခုလည်း အလှူအကြောင်းကို “ငယ်ငယ်ကဆို အဘွားနဲ့အတူ မနက် ၄နာရီဆို ဝါတွင်းအရုဏ်ဆွမ်းလောင်းနေကြပါ.. ဘွန္တောဆိုတဲ့ သီချင်းသံကြားတာနဲ့ အိပ်ယာက အလိုလိုနိုးခဲ့တာ .. အခုတော့ အဘွားလည်းမရှိတော့ဘူး ..အာရုံဆွမ်းမလောင်းဖြစ်တာလည်း ကြာခဲ့ပြီ..ဒီတစ်ပါတ်တော့ ဆွမ်းအလှူရှင်အနေနဲ့ ကုသိုလ်ယူဖြစ်တယ်… အဘွားရောက်ရာအရပ်က သာဓုခေါ်နိုင်ပါစေ” ဆိုပြီးတော့ ရေးသားထားပါတယ်။


မြတ်သူသူတစ်ယောက် အဖြူဝမ်းဆက်လေးဝတ်ပြီးဆွမ်းလောင်းလှူနေတာကတော့ တကယ့်ကို ကြည်နူးစရာပါ။ မြတ်သူသူကတော့ အဘွားရှိသူသက်ရှိထင်ရှားရှိတဲ့အချိန်ကတည်းက ဆွမ်းလောင်းလှူဖြစ်ခဲ့တာကို သတိရနေပုံပါပဲနော်…
Source : MyatThuThu