ကျောက်စီပန်းချီကားလေးလက်ဆောင်ပေးတဲ့ပရိသတ်တွေကြောင့် ပျော်ရွှင်နေတဲ့ နန်းစုရတီစိုး

ပရိသတ်အချစ်တော်မင်းသမီးချောလေးနန်းစုရတီစိုးကတော့ နုပျိုပြီးဘာဘီမလေးလိုချစ်ဖို့ကောင်းတာကြောင့် လူပြောများသူတစ်ယောက်ပါ။လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုတောက်လျှောက်လုပ်နေခဲ့ပြီး ပရိသတ်တွေနဲ့အဆက်မပြတ်ရအောင် ကြိုးစားလေ့ရှိသူတစ်ယောက်ပါ။


မကြာသေးခင်ကတော့ နန်းစုတစ်ယောက် “အလွမ်းရာသီ” သီချင်းလေးကို ဖန်တီးသီဆိုခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တွေရထားတဲ့နန်းစုကတာ့ ပရိသတ်တွေရဲ့ဂရုစိုက်မှုတွေအားပေးမှုတွေနဲ့ ပျော်ရွှင်နေရတာပါ။ အခုလည်း ပန်းချီကားပုံတူတစ်ချပ်လက်ဆောင်ရတဲ့အကြောင်းကို “အလွမ်းရာသီသီချင်းထွက်တဲ့အမှတ်တရတဲ့ ပရိသတ်ပို့ပေးတဲ့ကျောက်စီပန်းချီကားလေး လက်ဆောင်လေးကို အရမ်းသဘောကျပါတယ် ကျေးဇူး” ဆိုပြီးတော့ ရေးသားကာ ပန်းချီကားလေးကို ဖော်ပြလာခဲ့ပါတယ်။


နန်းဆုကတော့ သီချင်းတစ်ပုဒ်ထွက်တိုင်းသေချာအသေးစိတ်ပြင်ဆင်ကာ ဖန်တီးလေ့ရှိသူပါ။ အခုလည်း “အလွမ်းရာသီ” သီချင်းလေးကို လူကြိုက်များနေသလို ဒီသီချင်းလေးထဲကပုံစံလေးအတိုင်းဖန်တီးကာ လက်ဆောင်ပေးတဲ့အမာခံပရိသတ်တွေရှိနေတာတကယ့်ကို ကျေနပ်စရာပါပဲနော်…
Source : NansuYatiSoe