ရခိုင်ပြည်နယ်အတွက် PPE ဝတ်စုံ ၊ Maskတွေ နဲ့ အလှူငွေသိန်း(၅၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေအများကြီးမလုပ်တော့ပေမဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုတော့ ရရှိနေတုန်းပါ။ တစ်ချိန်ကမင်းသမီးတစ်လက်အဖြစ်အနုပညာအလုပ်တွေလုပ်ခဲ့ပြီး အခုဆိုရင်တော့ ကိုယ်ပိုင်မိသားစုလေးကိုတည်ဆောက်ထားကာ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ စမိုင်းလ်ကတော့ လေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားပြီး မကြာခဏဆိုသလို အလှူအတန်းတွေလုပ်လေ့ရှိသူပါ။


အခုလည်း Covid-19 ရောဂါကူးစက်မှုကို အကြီးအကျယ်ခံနေရတဲ့ ရခိုင်ပြည်နယ်အတွက်လှူဒါန်းမှုတွေလုပ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ယနေ့အလှူ ရခိုင်ပြည်နယ်အတွက် အလှူငွေသိန်း ( ၅၀ ) PPE ဝတ်စုံ ( ၄၄ ) စုံ Mask အခု ( ၂၅၀ ) အား We Love Yangon အသင်းအဖွဲ့သို့လှူဒါန်းကုသိုလ်ပြု။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး ကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းဝေးကြပါစေ ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။


စမိုင်းလ်ကတော့ လိုအပ်တဲ့နေရာတွေကို မကြာခဏလှူဒါန်းလေ့ရှိသလို ကိုယ်တိုင်လည်း ဘာသာရေးကိုလိုက်စားတဲ့သူတစ်ယောက်ပါ။ အခုလည်း အခုလည်းရခိုင်ပြည်အတွက် အလှူငွေတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့တာကတော့ တကယ့်ကို ဝမ်းသာကြည်နူးစရာပါပဲနော်…
Source : စမိုင်းလ် Smile